မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လက်ရှိမန်ယူအသင်းမှာ ဖန်တီးမှုပိုင်းအားနည်းလွန်းသည့်အတွက် မက်ဆီ၊ စီရော်လ်ဒိုတို့ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးများ ပါဝင်ကစားလျှင်ပင် ဂိုးရရန်ရုန်းကန်ရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လက်ရှိမန်ယူအသင်းမှာ ဖန်တီးမှုပိုင်းအားနည်းလွန်းသည့်အတွက် မက်ဆီ၊ စီရော်လ်ဒိုတို့ကဲ့သို့ ထိပ်တန်းတိုက်စစ်မှူးများ ပါဝင်ကစားလျှင်ပင် ဂိုးရရန်ရုန်းကန်ရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲအပြီး ရဂိုး (၉)ဂိုးသာ သွင်းယူထားနိုင်သောကြောင့် ဝက်ဖို့ဒ်၊ နယူးကာဆယ်၊ အဲဗာတန်၊ ရှက်ဖီးယူနိုက်တက်၊ ဆောက်သမ်တန်၊ ဘရိုက်တန်နှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပြီးနောက် တိုက်စစ်အားအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
သို့ဖြစ်ရာ ဘူလ်ဂေးရီးယားတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မန်ယူအသင်းမှာ ဖန်တီးမှုပိုင်းအားနည်းလွန်းနေပြီး တိုက်စစ်ကစားသမားများ ခေါ်ယူရန်လည်း မဖြစ်မနေလိုအပ်နေကြောင်း ပြောကြားခဲ့သည်။ ဘာဘာတော့ဗ်က '' ဇန်နဝါရီအပြောင်းအရွှေ့က အသင်းတွေအတွက် ကစားသမားခေါ်ယူဖို့ ခက်ခဲပါတယ်။ လက်ရှိမန်ယူအသင်းဟာ ဖန်တီးပိုင်းအားနည်းလွန်းနေတဲ့အတွက် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့လိုကစားသမားတွေ ပါဝင်မယ်ဆိုရင်တောင် ဂိုးရဖို့မလွယ်ပါဘူး။ အသင်းအနေနဲ့ အဓိကတိုက်စစ်ကစားသမား (၂)ဦးကိုရောင်းချခဲ့လို့ အနည်းဆုံးတစ်ဦးလောက်တော့ ပြန်ခေါ်သင့်ပါတယ်။ မန်ယူအသင်းမှာက လူငယ်တိုက်စစ်ကစားသမားတွေရှိနေမယ့် မလုံလောက်ပါဘူး။ မန်ဇူကစ်လိုကစားသမားမျိုးကို ခေါ်ယူသင့်ပါတယ်။ သူက အင်္ဂလန်မှာ မကစားဖူးပေမယ့် မန်ယူအသင်းနဲ့အံဝင်မယ်လို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် အားနည်းနေသည့်တိုက်စစ်ပိုင်းအတွက် လာမည့်ဇန်နဝါရီတွင် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး မန်ဇူကစ်အား ခေါ်ယူရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ဘာဘာတော့ဗ်က ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။ ဘာဘာတော့ဗ်က မန်ဇူကစ်မှာ ၂၀၁၆-၁၇ ရာသီက ခေါ်ယူခဲ့သည့် ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကဲ့သို့ အသင်းအတွက် အကျိုးရှိသည့်ခေါ်ယူမှုဖြစ်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
