အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ် ခဲ့ပြီး ၎င်းကိုခေါ် ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူ၊ စပါးအသင်းများက ကြိုးပမ်းခဲ့ကြသည်။
ဂျူဗင်တပ်စ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းတိုက်စစ်ကစားသမား ဒီဘားလားကို ရောင်းထုတ်မည်မဟုတ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ် ခဲ့ပြီး ၎င်းကိုခေါ် ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် မန်ယူ၊ စပါးအသင်းများက ကြိုးပမ်းခဲ့ကြသည်။
သို့သော် ယခုအခါ ဂျူဗင်တပ်စ်နည်းပြ ဆာရီသည် ဒီဘားလား၏ခြေစွမ်းကို သဘောကျနေပြီး လက်လွှတ်လိုခြင်းမရှိတော့ကြောင်း သိရသည်။ ထို့ပြင် အခြားတိုက်စစ်မှူး တစ်ဦးဖြစ်သည့် မန်ဇူကစ်မှာလည်း လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ထွက်ခွာရှိနေရာ ဂျူဗင်တပ်စ်အသင်းအနေဖြင့် ဒီဘားလားကို အသင်းတွင် ဆက်ထိန်းသွားဖွယ်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
ဒီဘားလားက ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလမှာ မိမိအတွက် အလွန်ခက်ခဲကြောင်းနှင့် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာလိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ဒီဘားလားက " ပြီးခဲ့တဲ့ နွေရာသီဟာ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ ဂျူဗင်တပ်စ်မှာပဲ ဆက်နေမယ်လို့ ကျွန်တာ်ပြောခဲ့ပေမယ့် ထွက်ခဲ့တဲ့သတင်းတွေက အတော်များပါတယ်။ အခုတော့ ကွင်းအတွင်း ခြေစွမ်းတွေနဲ့ အတူ ဂျူဗင်တပ်စ်မှာ ဆက်နေဖို့ထိုက်တန်ကြောင်း ကျွန်တော် ပြသနိုင်ခဲ့ပါ ပြီ။ ဆက်ပြီးလည်း ကျွန်တော်ကြိုးစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
