မော်ရင်ဟိုက "ကျွန်တော် မှန်ကန်တဲ့ အခွင့်အရေးရရှိဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော့်ရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ အသင်းတစ်သင်းကိုတွေ့ဖို့ ကျွန်တော် အချိန်စောင့်နေပါတယ်" ဟု ပြောကြားခဲ့ပြီး သူ ရည်ရွယ်သည့်အသင်းမှာ စပါးအသင်း ဖြစ်နိုင်သည်ဟု Daily Mail က ဖော်ပြခဲ့သည်။ စပါးအသင်းသည် လက်ရှိတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြဖြစ်သူ ပိုချက်တီနို၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။
ပရီးမီးယားကလပ် ချယ်လ်ဆီး၊ မန်ယူ အသင်းများတွင် နည်းပြခဲ့သူ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် စပါးအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေပြီး စပါးအသင်းနှင့်အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနို၏ အခြေအနေကို စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ မော်ရင်ဟိုသည် ၂၀၁၈ ဒီဇင်ဘာလတွင် မန်ယူအသင်းနည်းပြ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပြီး ၎င်းက မိမိ၏အနေအထားနှင့် ကိုက်ညီသောအသင်းကိုသာ ကိုင်တွယ်သွားမည်ဟု ဖွင့်ဟပြောကြားထားသည်။
မော်ရင်ဟိုက "ကျွန်တော် မှန်ကန်တဲ့ အခွင့်အရေးရရှိဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော့်ရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ အသင်းတစ်သင်းကိုတွေ့ဖို့ ကျွန်တော် အချိန်စောင့်နေပါတယ်" ဟု ပြောကြားခဲ့ပြီး သူ ရည်ရွယ်သည့်အသင်းမှာ စပါးအသင်း ဖြစ်နိုင်သည်ဟု Daily Mail က ဖော်ပြခဲ့သည်။ စပါးအသင်းသည် လက်ရှိတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြဖြစ်သူ ပိုချက်တီနို၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။
သို့သော် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းအနေဖြင့် ပိုချက်တီနိုကို လျော်ကြေးငွေများစွာ ပေးရမည်ဖြစ်သဖြင့် မထုတ်ပယ်သေးဘဲ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ စပါးအသင်းသည် ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးငွေ ပေါင် (၃၂)သန်းအထိ ပေးချေရဖွယ်ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် ဘွတ်ကီဒိုင်များ၌ ပိုချက်တီနို၏နေရာ အစားထိုးမည့် နည်းပြအဖြစ် မော်ရင်ဟိုမှာ ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းကလည်း လက်ရှိနည်းပြ ဇီဒန်း၏နေရာအစားထိုးရန် နည်းပြဟောင်း မော်ရင်ဟိုကို ပစ်မှတ်ထားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
