Top News

ဆိုးလ်ရှား၏နည်းစနစ်များကို မန်ယူကစားသမားအချို့ သဘောမကျဖြစ်နေ
24htopnews | December 6, 2024 6:12 AM CST

ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းအား အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲတွင် ဆိုးလ်ရှားအသုံးပြုသည့် နည်းစနစ်များကို မန်ယူကစားသမားများက စောဒကတက်မှုများရှိနေကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းတွင် နည်းပြဆိုးလ်ရှား၏ နည်းစနစ်များကို မန်ယူအသင်းကစားသမားအချို့က သဘောမကျဖြစ်နေကြောင်း ဗြိတိန်သတင်းစာ Mirror ကဖော်ပြခဲ့သည်။

 ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သောပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းအား အဝေးကွင်း၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲတွင် ဆိုးလ်ရှားအသုံးပြုသည့် နည်းစနစ်များကို မန်ယူကစားသမားများက စောဒကတက်မှုများရှိနေကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ယခုရာသီတွင် ဆိုးလ်ရှားကျင့်သုံးနေသည့် တန်ပြန်တိုက်စစ်(Counter Attacking)ကစားသည့်ပုံစံကို ပြိုင်ဘက်အသင်းအတော်များများက ကြိုတင်သိရှိနေပြီဖြစ်၍ မန်ယူအသင်းအား မည်ကဲ့သို့ တုံ့ပြန်ကစားမည် ဆိုသည်ကို သိရှိနေကြကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ မန်ယူစီနီယာကစားသမားအချို့မှာ ဆိုးလ်ရှား ချမှတ်ထားသည့်ပုံစံအတိုင်း ကစားလိုခြင်းမရှိကြကြောင်း သိရှိရသည်။ 

ဆိုးလ်ရှားကိုယ်တိုင်ကလည်း မန်ယူကစားသမားအချို့အနေဖြင့် သူချမှတ်ထားသည့် ပွဲအစီအစဉ်အတိုင်း လိုက်နာကစားခြင်းမရှိဟု ထင်မြင်ယူဆနေကြောင်း သိရှိရသည်။ နယူးကာဆယ်အား ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် ဆိုးလ်ရှားသည် အဝတ်လဲခန်းအတွင်း၌ ဒေါသပေါက်ကွဲပြီး မန်ယူကစားသမားများကို "မိမိ ထုတ်ပယ်ခံရအောင် လုပ်နေသလား"ဟု မေးမြန်းခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

READ NEXT
Cancel OK