မတ်ရိုင်ယန်သည် ၂၀၁၅ ခုနှစ်ကလည်း ယင်းဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယခုဒုတိယအကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ သြစတြေးလျ PFA အကောင်းဆုံးဘောလုံးသမားဆုကို မတ်ရိုင်ယန်၏ ဘရိုက်တန်အ သင်းဖော်ကွင်းလယ်လူ အာရွန်မွိုင်း (ဟတ်ဒါဖီးလ်တွင် ကစားခဲ့သူ) က ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ (၃)နှစ်ဆက် ရယူဆွတ်ခူးခဲ့ပြီး၊ ယခု မတ်ရိုင်ယန်က ယင်းဆုအား အာရွန်မွိုင်း လွှမ်းမိုးနေခြင်းကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားကလပ် ဘရိုက်တန်အသင်း၏ သြစတြေးလျလက်ရွေးစင်ဂိုးသမား မတ်ရိုင်ယန် (၂၇ နှစ်) သည် ၂၀၁၉ ခုနှစ်အတွက် ချီးမြှင့်သည့် သြစတြေးလျ PFA အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူး ရရှိခဲ့ကြောင်း သိရှိရသည်။
သြစတြေးလျလက်ရွေးစင်အသင်းအတွက် (၅၆)ပွဲ ကစားaပးထားသူ မတ်ရိုင်ယန်သည် ပြီးခဲ့သည့်ရာသီက သူ၏ကလပ် ဘရိုက်တန်အသင်း ပရီးမီးယားလိဂ်မှ တန်းမဆင်းရစေရန်အတွက် လက်စွမ်းပြ ကာကွယ်ပေးခဲ့သူဖြစ်သည်။
မတ်ရိုင်ယန်သည် ၂၀၁၅ ခုနှစ်ကလည်း ယင်းဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယခုဒုတိယအကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ သြစတြေးလျ PFA အကောင်းဆုံးဘောလုံးသမားဆုကို မတ်ရိုင်ယန်၏ ဘရိုက်တန်အ သင်းဖော်ကွင်းလယ်လူ အာရွန်မွိုင်း (ဟတ်ဒါဖီးလ်တွင် ကစားခဲ့သူ) က ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ (၃)နှစ်ဆက် ရယူဆွတ်ခူးခဲ့ပြီး၊ ယခု မတ်ရိုင်ယန်က ယင်းဆုအား အာရွန်မွိုင်း လွှမ်းမိုးနေခြင်းကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် ယင်းဆုအတွက် ပမာဏကစားသမား(၅)ဦး ရွေးချယ်ခဲ့ရာတွင် အာရွန်မွိုင်းလည်း ပါဝင်ခဲ့ပြီး ကျန်ကစားသမားများမှာ ဗူကိုဗစ် (KRC ဂျန့်)၊ ခရစ္စရှနာ(ဝယ်လင်တန်ဖိုးနစ်)၊ အစ်ဆာယက် (အဒီလိုင်ဒီ) တို့ဖြစ်ကြောင်း သိရှိရသည်။
ယင်းဆုကို လက်ခံရယူခဲ့ပြီးaနာက် မတ်ရိုင်ယန်က "ကျွန်တော်ရဲ့ အသင်းဖော်တွေရှေ့မှာ ဒီဆုကို လက်ခံရယူနိုင်ခဲ့တာက အလွန်ကို ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုခံရတဲ့အ တွက် ဝမ်းမြောက်မိပါတယ်။ အကောင်းဆုံးဖြစ်အောင် ဆက်ပြီးကြိုးစားနေမှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်