အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ မီဒီယာခန်းမ ၊ Mixed Zone (ဘောလုံးသမားများနှင့် မီဒီယာများတွေ့ဆုံရန်နေရာ)၊ မီဒီယာပွဲကြည့်စင်နေရာတို့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း သိရှိရသည်။ ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ အဝတ်လဲခန်းများမှာလည်း အလွန်သေးငယ်နေပြီး ကမ္ဘာ့ဖလားပွဲစဉ်များ လက်ခံကျင်းပပါက ယခုထက်ကြီးမားသည့် ခန်းမများ လိုအပ်ကြောင်း သိရသည်၊၊
ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့ပါက မန်ယူအသင်း၏အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ရှိအနေအထားအရ ကမ္ဘာ့ဖလားပွဲစဉ်များကို လက်ခံကျင်းပခွင့်ရလိမ့်မည်မဟုတ်ဟု Daily Mail သတင်းစာက ဖော်ပြ ခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ မီဒီယာခန်းမ ၊ Mixed Zone (ဘောလုံးသမားများနှင့် မီဒီယာများတွေ့ဆုံရန်နေရာ)၊ မီဒီယာပွဲကြည့်စင်နေရာတို့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း သိရှိရသည်။ ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ အဝတ်လဲခန်းများမှာလည်း အလွန်သေးငယ်နေပြီး ကမ္ဘာ့ဖလားပွဲစဉ်များ လက်ခံကျင်းပပါက ယခုထက်ကြီးမားသည့် ခန်းမများ လိုအပ်ကြောင်း သိရသည်၊၊
ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ကွင်းများအနေဖြင့် အုပ်စုပွဲများတွင် ပွဲကြည့်စင်၌ မီဒီယာသမား(၈၀၀)ဦး အထိကြည့်ရှုနိုင်ရမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲကျင်းပမည့်ကွင်းအနေဖြင့် မီဒီယာသမား (၂၀၀၀)ဦးအထိကြည့်ရှု နိုင်ရမည်ဟု ဖီဖာကသတ်မှတ်ထားသည်။ ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းအနေဖြင့် ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲ၌ ရုပ်သံရိုက်ကူးရန်အသုံးပြုမည့် ကင်မရာ(၃၅)လုံးစာအတွက်လည်း (လက်ရှိအနေအထားများအရ) လိုအပ်ချက်များရှိနေကြောင်း သိရသည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းတာဝန်ရှိသူများက မိမိတို့အနေဖြင့် ယူရို-၉၆ ပြိုင်ပွဲ၊ ၂၀၀၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲတို့၌ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်ပြီး လက်ခံကျင်းပခဲ့ကြောင်း၊ အကယ်၍ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ရရှိပါက ဖီဖာ၏ သတ်မှတ်ချက်နှင့်ကိုက်ညီစေရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
