မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက အသင်းနည်းပြ ဂွါဒီယိုလာလက်အောက်တွင် ကစားပုံပြောင်းလဲခဲ့ရကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက အသင်းနည်းပြ ဂွါဒီယိုလာလက်အောက်တွင် ကစားပုံပြောင်းလဲခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုယ်တွယ်ခဲ့ပြီး အစောပိုင်းတွင် အသင်းတိုက်စစ်မှူး အဂွဲရိုး၏ ကစားပုံနှင့် ပတ်သက်၍ ဝေဖန်များရှိခဲ့သည်။
ထို့ုပြင် ဂွါဒီယိုလာသည် ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူခဲ့ရာ အဂွဲရိုးအနေဖြင့် အသင်းမှထွက်ခွာရဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိခဲ့သည်။
အဂွဲရိုးက နည်းပြ ဂွါဒီယိုလာသည် မိမိအား သူ၏လိုချင်သည့်ပုံစံအတိုင်း ကစားရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
အဂွဲရိုးက "ဂွါဒီယိုလာက ကျွန်တော့်ကို ကစားပုံပြောင်းလဲဖို့ ပြောပါတယ်။ ဒါက ကျွန်တော် မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ အခု ကျွန်တော် ကစားနေတဲ့ပုံစံနဲ့ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ကစားခဲ့တဲ့ ပုံစံဟာ အတော်လေးကို ကွာခြားပါတယ်။ ဂွါဒီယိုလာက တောင်းဆိုမှု အရမ်းများတဲ့ နည်းပြပါ။ ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်း ကစားနေတယ်လို့ ထင်ရင်တောင် ဂွါဒီယိုလာက ဖိအားနေတာမျိုးတွေ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
အဂွဲရိုးသည် ဂွါဒီယိုလာလက်ထက်တွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၃၉)ပွဲတွင် (၁၀၃)ဂိုးအထိ သွင်းထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၂၅)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
