Top News

■ နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုကြောင်း ထုတ်ပြန်နေသော မြောက်ပိုင်းအဖွဲ့များသည် လက်တွေ့မြေပြင်၌ ငြိမ်းချမ်းရေးလိုလားသည့် အရိပ်အယောင်ပြသခြင်း မရှိသေးဟု နစကဘက်က တုံ့ပြန်
24htopnews | December 6, 2024 4:12 PM CST

နိုင်ငံရေး တွေ့ဆုံဆွေးနွေးလိုကြောင်း ထုတ်ပြန်နေသော မြောက်ပိုင်းအဖွဲ့များသည် လက်တွေ့မြေပြင်၌ ငြိမ်းချမ်းရေး လိုလားသည့် အရိပ်အယောင် ပြသခြင်းမရှိသေးဟု နစက ဘက်က တုံ့ပြန်ပြောကြားသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုကြောင်း မကြာခဏထုတ်ပြန်နေသည့် မြောက်ပိုင်းအဖွဲ့များနှင့်ပတ်သက်၍ NP News သတင်းဌာ န၏ မေးမြန်းမှုအပေါ် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က အထက်ပါ အတိုင်း ထည့်သွင်းဖြေကြားထားခြင်းဖြစ် သည်။

“ဒီမြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက် ပြီး တရုတ်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အ ခါမှာလည်း ပြောခဲ့တာက သူတို့အနေနဲ့ ငြိမ်း ချမ်းရေးကို လိုလားတယ်ဆိုတဲ့အကြောင်းကို လက်တွေ့ပြသနိုင်တဲ့ လုပ်ဆောင်ချက်မျိုး တွေ ရှိဖို့လိုတယ်လို့ ပြောခဲ့ပြီး ဖြစ်တယ်။ ဒီအ ဖွဲ့တွေအနေနဲ့က ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီးတော့ အခြားသောသူတို့ရဲ့ ရပ်တည်ချက်၊ အခြေအနေတွေကြောင့်သာ ဒါမျိုးတွေ ထုတ် ပြန်တာဖြစ်တယ်။ လက်တွေ့မြေပြင်မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လိုလားတဲ့အရိပ် အယောင်ပေါ့နော် ပြသတာမျိုးတော့ မရှိ သေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် MNDAA ၊ TNLA တို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလား ကြောင်း လက်တွေ့ပြသနိုင်မှသာ ဆွေးနွေးပွဲ များဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်၏ လေကြောင်းထိုးစစ်များ နှင့်ပတ်သက်၍ အမှန်တကယ်ထိရောက်မှုရှိ၊ မရှိ မေးခွန်းထုတ်နေမှုများအပေါ် ဗိုလ်ချုပ် ဇော်မင်းထွန်းက “အချို့နေရာတွေမှာတော့ အများအားဖြင့် ထိရောက်မှုရှိပါတယ်။ တချို့ နေရာတွေမှာတော့ ကျွန်တော်တို့ ရရှိတဲ့ သ တင်း နောက်ကျတဲ့အတွက်ကြောင့် အချိန်မီ ရောက်ရှိနိုင်မှု အားနည်းချက်လေးတွေတော့ ရှိတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြန်လည် ဖြေကြားသည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အား Eleven Media Group က သီးခြားဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။

တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု များဖြင့် တုံ့ပြန်နေချိန်၌ တရုတ်နိုင်ငံ၏ ကြား ဝင်စေ့စပ်မှုဖြင့် တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်းနှင့် ၎င်းတို့၏တပ်များရောက်ရာနေ ရာမှ အပစ်အခတ်ရပ်စဲကြောင်း MNDAA အဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ထပ်မံထုတ်ပြန် လာခဲ့သည်။

MNDAA အဖွဲ့၏ ထုတ်ပြန်ချက်တွင် စစ်ဘေးဒုက္ခဒဏ်ကိုပြင်းထန်စွာခံစားနေရသည့် ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာ ထောက်ထားရန်၊ တရုတ်-မြန်မာနယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်း သိမ်းရန်၊ ပြည်တွင်းစစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန်နှင့် ဒေ သတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော် ဆောင်ရန်အတွက် MNTJP ၊ MNDAA သည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ် ထူ ထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ စစ်မှန် သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာ ဖြစ်ကြောင်းနှင့် နိုင်ငံ တော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ် မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ထို့ပြင် ဒီဇင်ဘာ ၃ ရက်မှစ၍ ရောက်ရာ နေရာမှ မိမိတို့တပ်များသည် ချက်ချင်း အပစ် အခတ်ရပ်စဲပြီး မိမိတို့က အစပြုထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း ၊ တရုတ်နိုင်ငံ ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှု အောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်း လမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း နှင့် မိမိတို့အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှု အတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း MNDAA က ထုတ် ပြန်သည်။

ထို့အတူ မြန်မာ့တပ်မတော်အနေဖြင့် ဝေဟင်နှင့် မြေပြင် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရန် MNDAA က ထုတ်ပြန်ချက် တွင် တောင်းဆိုထားသည်။

MNDAA အနေဖြင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီးနှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့်အမြင်သဘောထားကွဲလွဲမှုများ ကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့်နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်း တူဆက်လက်စွဲကိုင်မည်ဖြစ်ကြောင်း လည်း၎င်းတို့၏ ထုတ် ပြန်ချက်တွင်ပါရှိပြန်သည်။

အလားတူ တအာင်းတပ်ဖွဲ့ (TNLA)ကလည်း နိုဝင်ဘာ ၂၅ ရက်တွင် သဘောထား ထုတ် ပြန်ထားရာတွင် တအာင်းဒေသတွင် တိုက်ပွဲ များကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာ ခံစားနေ ရသည့် ဒေသခံမိဘပြည်သူများ၏အကျိုးကို ငဲ့ညှာထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး အတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေ သည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစား အသိအမှတ်ပြု၍သော်လည်း ကောင်း၊ နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံး သတ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနက် AA အဖွဲ့သည် ၎င်းတို့ထိန်းချုပ် ထားသည့် ရခိုင်ဒေသများနှင့်ဆက်စပ်နေ သည့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသများ တွင်ပါ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး AA အဖွဲ့ခေါင်းဆောင်များ၏ ပြောဆိုထားမှုနှင့် မြေပြင်တွင် တိုက်ပွဲဖော်ဆောင်မှုများကိုကြည့် ပါက ၎င်းတို့သည် ပြည်ထောင်စုမှ သီးခြားခွဲ ထွက်၍ ရပ်တည်ရန်အထိ ပြင်ဆင်မှုများလုပ် နေသည့် အခြေအနေဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ သုတေသီတစ်ဦးက AA အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုနှင့် နောက်ဆက် တွဲ ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေနှင့် အန္တရာယ် အပေါ် သုံးသပ်ပြောကြားသည်။

“မြောက်ပိုင်းအဖွဲ့တွေဟာ ဝတ်စုံတွေ ပြောင်းပြီး လှည့်တိုက်နေကြတယ်။ AA၊ TNLA၊ MNDAAအားလုံးအတူတူပဲ။ PDF နဲ့ ဝတ်စုံပြောင်းလှည့်တိုက်နေကြတာလည်း ရှိတာပဲ။ အခုလည်း ရခိုင်ပြည်နယ် အမ်း ဘက်မှာတိုက်နေ တာတွေကလည်း ရှမ်းမြောက်ကဟာတွေ သွားပြီး ဝတ်စုံပြောင်းတိုက်နေကြတဲ့သဘော ဆိုတာ သိသာတယ်။ ပြီးရင် အဲဒီဘက်တွေ တိုက်ပွဲရပ်တဲ့အချိန် PDF ဝတ်စုံပြောင်းပြီး မြင်းခြံတို့လို ဒေသတွေနဲ့အညာဘက်တွေမှာ တိုက်ပွဲတွေဖော်ပြီး နေပြည်တော်ထိ ထိုးစစ် ဆင် ခြိမ်းခြောက်မှု လုပ်လာနိုင်တယ်ဆိုတာ တွက်ဆကြည့်လို့ရတယ်။ ဒါဆို ရင်နောက်ပိုင်း အခြေအနေတွေ ပိုမိုရှုပ်ထွေး လာမယ်။ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ ကြီးတွေ ဧရာဝတီလိုဒေသတွေမှာ မတည်ငြိမ် မှုတွေ ပိုဖြစ်လာစေမယ်။ သူတို့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေ ပြင်ဆင်မှုတွေ ကိုကြည့်ရင် သူတို့ရဲ့လားရဲ့နဲ့ သက်ရောက်နိုင်ချေကို တွက်လို့ရတယ်။ အခုလည်း ဂွ၊ တောင်ကုတ်၊ အမ်းမှာ AA နဲ့ PDF ပူး ပေါင်းအဖွဲ့တွေဟာ ထိုးစစ်တွေဆင်နေတယ်။ ဒီလိုတွေတိုက်ပြီး တစ်ဖက်က ငြိမ်းချမ်းရေး စကားဝိုင်းတွေလုပ်၊ တိုက်ပွဲရပ် ပြီးရင် အဲဒါ ကို အခွင့်ကောင်းယူ အဲဒီဒေသမှာ ရှိတဲ့ သူတို့ ရဲ့အင်အားတွေဟာ တည်ငြိမ်နေတဲ့ ဒေသ တွေကိုထပ်ဆင်းလာလိမ့်မယ်။ ဒီလို အခြေအနေ တွေမှာ သူတို့ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို တာ မရိုးသားဘူး။ မြန် မာနိုင်ငံ လူဦး‌ရေရဲ့ ဆယ်ရာခိုင်နှုန်း ဝန်းကျင် သာရှိတဲ့ မြောက်ပိုင်း အဖွဲ့တွေက နိုင်ငံနယ်မြေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ကို ထိန်းချုပ်ဖို့ပြင်ဆင်နေတာ ဖြစ်နိုင်ရင် ၈၀ ရာနှုန်းလောက် ထိန်းချုပ်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ ရန်ကုန်၊နေပြည်တော် မြို့ကြီး တွေကိုပါ ခြိမ်းခြောက်ဖို့ လုပ်နေတယ်။ ဒီချိန်မှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေမယ့် အခြေအ နေမျိုးမဖြစ်အောင် စိတ်သဘောထားမှန်တဲ့ ရပ်တည်ချက်ကို ပြဖို့လိုတယ်။ လက်နက်ကိုင် အဖွဲ့တွေက တစ်ဖက်မှာ ဆွေးနွေးပွဲလုပ်ပြီး အခြားတစ်ဖက်မှာ အင်အားစုစည်း တစ်ခုပြီးတစ်ခု တိုက် ခွင့်ရမယ့် အခြေအနေမျိုး မဖြစ်ဖို့ ထိ ရောက်အောင် ထိန်ဖို့လိုတယ်။ ရှေ့မှာ သာဓကတွေလည်း ရှိတယ်။ ဟိုင်ဂင် သဘောတူ ညီချက်ရပြီး အပြစ်ရပ်တယ်ပြောတယ်။ ပြီး တော့ ၁၀၂၇ ဒုတိယပိုင်းဆိုပြီးတော့ ရှမ်း မြောက်မှာ ပြန်တိုက်တယ်။ ဒါကြောင့် တရုတ် ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ‌ေဖာ်‌ေဆာင်မှုက ကြောက်စရာကောင်း‌နေတယ်။ ဒါဟာခင်ဗျားတို့ ရေးခဲ့တဲ့ အယ်ဒီတာအာဘော်ထဲက ဟိုက်ဂင်ဟာ ရန္တပို စာချုပ်နဲ့လို အတူတူဖြစ်လိမ့်မယ်ဆိုတာ အမှန်ပဲ။ ဒီလို ငြိမ်းချမ်း ရေးစကားပြောလိုက်၊ တိုက်လိုက်ဆိုရင် နောက်သုံးလေးနှစ်ကြာရင် တစ်နိုင်ငံလုံး အသိမ်းခံရသလိုဖြစ်သွားမှာပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ သုတေသီတစ်ဦးက သုံးသပ် ပြောကြားသည်။

MNDAA၊ TNLA နှင့် AA ပူးပေါင်းအ ဖွဲ့များသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်း မြောက်ဒေသ၌ တိုက်ပွဲများကို စတင်ဖော် ဆောင်ခဲ့ပြီးနောက် နှစ်လအကြာတွင် တရုတ် နိုင်ငံ ကမကထလုပ်ပြီး နစက၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် MNDAA ၊ TNLA ၊ AA အဖွဲ့မှ တာဝန်ရှိ သူများက တရုတ်နိုင်ငံ ကူမင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက် နှစ်ဖက်ကိုယ်စားလှယ်များ သုံးကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါ ရီ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ကူ မင်းမြို့တွင် ပြုလုပ်သည့် တတိယအကြိမ် ဟိုင်ဂင်ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်မြောက် ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အကြား ယာယီအပစ်ရပ်ရန် သဘောတူ ညီချက် ရရှိခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် လေးကြိမ်မြောက် ဟိုင်ဂင်ဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၁ ရက် အထိ ပြုလုပ်ခဲ့သည်။

ထိုသို့ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် နေဆဲအချိန်တွင် ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက် တွင် TNLA အဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် သီပေါနှင့် ကျောက်မဲမြို့ နယ်များရှိ တပ်စခန်းများအား စတင်တိုက် ခိုက်ခဲ့ပြီး ဇူလိုင် ၃ ရက်တွင် MNDAA အဖွဲ့ က လားရှိုးမြို့ကို တိုက်ခိုက်ခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ သည် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်း မြောက်ဒေသ၌ တိုက်ပွဲများကို စတင်ဖော် ဆောင်ခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း ၎င်းင်း အဖွဲ့များသည် လောက်ကိုင်၊ လားရှိုး၊ နောင် ချို၊ ကျောက်မဲ၊ မိုးကုတ် စသည့်မြို့များကို ထိန်းချုပ်နိုင်ခဲ့သော်လည်း တပ်မတော်ဘက် က လေကြောင်းစစ်ဆင်ရေးဖြင့် ပြန်လည်တုံ့ ပြန်နေချိန်တွင် မြောက်ပိုင်းအဖွဲ့များက ဆွေး နွေးရန် ကြေညာချက်များ ထုတ်ပြန်လာခြင်း ဖြစ်သည်။

MNDAA၊ TNLA နှင့် AA အဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၄ ခုနှစ် စက် တင် ဘာ ၂ ရက်တွင် မူမြန်မာအကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာခဲ့ သည်။

“ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံခရီးစဉ်မှာ ပြောခဲ့သလို ရှမ်းမြောက်မှာ EAO တွေရဲ့ မြို့ရွာများအပေါ် တိုက်ခိုက်မှုကို ဆန့်ကျင် တယ်ဆိုတဲ့ နဂိုရပ်တည်ချက်တွေ အတိုင်းပဲ ရပ်တည်သင့်တယ်၊ တရုတ်အနေနဲ့ ဒီအခြေအနေမှာ ဆွေးနွေးပွဲလုပ်ဖို့ကိုပဲ အတင်း ဖိအား မပေးသင့်ဘူး။ မြန်မာပြည်ကို ဖဲ့ထုတ်ဖို့ကြိုးစားရင် ဒါတွေရဲ့ သက်ရောက်မှုနဲ့ အကျိုးဆက်ကို တရုတ်အနေနဲ့လည်း မလွဲမသွေ ခံရ လိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်လိုက် တိုက်လိုက် နယ်မြေတွေသိမ်းဖို့လုပ်လိုက်ဆိုရင် ဟိုင်ဂင်နဲ့ ရန္တပို တူတူပဲဖြစ်နေလိမ့်မယ်။ အဲဒါကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံတည်ငြိမ်ဖို့၊ အမှန်တကယ် ငြိမ်းချမ်း ရေးစကားပြောနိုင်ဖို့ ဆိုရင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို တရုတ်လက်နက်တွေ မရောက် အောင်လုပ်ဖို့က အဓိကပဲ။ တရုတ်ကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မျှော်ပြီး ကိုယ့်နိုင်ငံကိုယ် ကာကွယ်ရေး မလုပ်နိုင်ဘူးဆိုရင် နောက်ဆုံး နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ထိခိုက်ဆုံးရှုံးသွားရပါလိမ့်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ သုတေသီတစ်ဦးကပြောကြားသည်။


READ NEXT
Cancel OK