နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် Online မှ ငွေပေးချေမှုကို AYA Pay ဖြင့် လည်း ငွေပေးချေနိုင်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ထိုသို့ online မှ ငွေပေးချေရာတွင် AYA Pay ဖြင့်အသုံးပြုနိုင်မှုကို ဒီဇင်ဘာ ၁ ရက်မှ စတင်၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်လျှောက် ထားမှုကို online မှ ငွေပေးချေသည့် Online Appointment System ဖြင့် ဆောင်ရွက်ပေး လျက်ရှိပြီး ငွေပေးချေမှုအား ကမ္ဘောဇဘဏ် ၏ KBZ Pay ကို အသုံးပြုဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် AYA Pay အသုံးပြုလျက်ရှိသော အများပြည်သူ အဆင်ပြေနိုင်စေရေးအတွက် ဒီဇင်ဘာ ၁ ရက်မှစ၍ ဧရာဝတီဘဏ်၏ aya pay ဖြင့်လည်း ငွေပေးချေနိုင်သည် ဟု အသိပေး ပန်ကြားထားကြောင်း သိရ သည်။
ဆက်လက်၍ online မှငွေပေးချေမှု ကို မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် ပေးချေနိုင်ပြီး အဆိုပါ MPU ဘဏ်ကတ်သည် e-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီး သည့် ဘဏ်ကတ်ဖြစ်ရမည်ဟု ထုတ်ပြန်ထား သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
