ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် နိုဝင်ဘာလအတွက် တစ်လတာအကောင်းဆုံးဆုများ ချီးမြှင့်ရန် ဆန်ခါတင်စာရင်းများကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် အကောင်းဆုံးနည်းပြဆု ရရှိရန် အလားအလာအကောင်းဆုံးဖြစ်နေကြောင်း သိရသည်။
နိုဝင်ဘာလအတွက် အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်းတွင် လီဗာပူးလ်နည်းပြ အာနယ်ဆလော့နှင့်အတူ ဘရိုက်တန်နည်းပြ ဟာဇူလာ၊ ဝုလ်ဗ်နည်းပြ ဂယ်ရီအိုနေးလ်တို့ပါဝင်ခဲ့ပြီး အာနယ်ဆလော့သည် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်(၃)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အကောင်းဆုံးနည်းပြဆုရရှိရန် အလားအလာအကောင်းဆုံးဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင်မူ ကစားသမား(၈)ဦးပါဝင်နေပြီး ကွန်ညာ(ဝုလ်ဗ်)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ)၊ ဂရာဗန်ဘာ့ချ်(လီဗာပူးလ်)၊ အော်ဒီဂွါ(အာဆင်နယ်)၊ ပတ်ဒရို(ဘရိုက်တန်)၊ ဆာကာ(အာဆင်နယ်)၊ ဆာလာ(လီဗာပူးလ်)နှင့် ဝစ်ဆာ(ဘရန့်ဖို့ဒ်)တို့ဖြစ်သည်။
အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် လိဖ်ဒါးဗစ်လ် (အစ်ဝစ်ချ်)၊ ဆာလာ(လီဗာပူးလ်)၊ ဝီလ်ဆင်(ဖူလ်ဟမ်)၊ ကွန်ညာ (ဝုလ်ဗ်)၊ ဂါနာချို(မန်ယူ)၊ အီမာဆန် (ဝက်စ်ဟမ်း)တို့ ပါဝင်ခဲ့ပြီး ကွန်ညာသည် သွင်းဂိုး(၃)ဂိုးအတွက် ဆန်ခါတင်စာရင်း၌ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
အကောင်းဆုံးကာကွယ်မှုဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည့် ဂိုးသမား (၆)ဦးမှာ ရမ်းစ်ဒေးလ်(ဆောက်သမ် တန်)၊ ဖာဘီယန်စကီး(ဝက်စ်ဟမ်း)၊ လေနို(ဖူလ်ဟမ်)၊ ဖလက်ကန်(ဘရန့်ဖို့ဒ်)၊ အိုနာနာ(မန်ယူ)၊ ဟာမန်ဆန်(လက်စတာ)တို့ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
