Top News

ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူလိုကြောင်း အက်ဒီဟောင်း ဝန်ခံ
24htopnews | December 6, 2024 5:12 PM CST

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ဇန်နဝါရီတွင် ကစားသမားသစ်များခေါ်ယူလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် ပြီးခဲ့သည့်နွေတွင် ကစားသမားသစ်အချို့ခေါ်ယူခဲ့သော်လည်း ပစ်မှတ်ထားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။

နယူးကာဆယ်အသင်းသည် ယခုရာသီတွင် ရုန်းကန်နေရရာ အက်ဒီဟောင်းက လူသစ်ခေါ်ယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အက်ဒီဟောင်းက ''အသင်းမှာ ကစားသမားသစ်တွေ လိုအပ်နေပါတယ်။ ကစားသမားသစ်တွေ ပါဝင်ကစားတာက အသင်းကိုပိုကောင်းစေပါတယ်။ ကစားသမားဟောင်းတွေချည်းပဲဆိုရင် မကောင်းပါဘူး။ ကျွန်တော်ကတော့ လူသစ်တွေ ခေါ်ယူချင်ပါတယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK