Top News

■ ဆွန်ဟောင်မင်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် မန်ယူ စိတ်ဝင်စား
24htopnews | December 6, 2024 5:12 PM CST

မန်ယူအသင်းသည် စပါးအသင်းမှ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်ကို လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

    

ဆွန်ဟောင်မင်(၃၂ နှစ်)သည် ယခုရာသီကုန်တွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်ပါဝင်သော်လည်း လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ 

ဆွန်ဟောင်မင်သည် လက်ရှိအချိန်၌ အကောင်းဆုံးခြေစွမ်းပြနေဆဲဖြစ်သော်လည်း လာမည့်ဇူလိုင်လတွင် အသက်(၃၃)နှစ် ပြည့်မည်ဖြစ်သည့်အတွက် စပါးအသင်းက သက်တမ်းတိုးလိုခြင်းမရှိတော့ကြောင်းလည်း သိရသည်။ 

ထို့ကြောင့် ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည့်အနက် မန်ယူအသင်းလည်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

ဆွန်ဟောင်မင်သည် အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း အသင်းမှ ထွက်ခွာသွားပြီးနောက် စပါးအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ယခုရာသီမှာ စပါးကစားသမားဘဝ (၁၀)ရာသီမြောက်အဖြစ် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ 

ဆွန်ဟောင်မင်ကို ခေါ်ယူလိုသည့် အသင်းများထဲ တွင် ဘွန်ဒစ်လီဂါကလပ်အသင်းများလည်း ပါဝင်နေသည်။ 

မန်ယူအသင်းက နည်းပြသစ် အာမိုရင်မ်လက်ထက်တွင် ဆွန်ဟောင်မင်ကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK