အာဆင်နယ်အသင်းသည် ပေါ်တိုအသင်းထံ အငှားချထားသည့် အသင်းကွင်းလယ်ကစားသမား ဗီအဲရာကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ပေါ်တူဂီကွင်းလယ်ကစားသမား ဗီအဲရာကို ၂၀၂၂ နွေရာသီတွင် ပေါ်တိုအသင်းထံမှ ယူရို (၃၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် အာဆင်နယ်အသင်းသည် ၎င်း၏ ခြေစွမ်းကို အားရကျေနပ်ခြင်းမရှိသည့်အတွက် ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်သည်။
အသက် (၂၄) နှစ်အရွယ်ရှိ ဗီအဲရာကို ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းအချို့က စိတ်ဝင်စားနေသလို ပေါ်တိုအသင်းက အပြီးသတ်ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဗီအဲရာသည် အာဆင်နယ်အသင်းအတွက် ကစားခဲ့သည့် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၄၉) ပွဲကစားပြီး (၃) ဂိုး သွင်းယူခဲ့သည်။
ပြီးခဲ့သည့်နွေတွင် ပေါ်တိုအသင်းထံ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သည့် ဗီအဲရာသည် ပေါ်တိုအသင်းတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၃) ပွဲသာ ကစားထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
