■ လေဗာကူဆင်အသင်းနှင့် သက်တမ်းတိုးနိုင်ရန် ဘိုနီဖေ့စ် နီးစပ်နေ
24htopnews | December 6, 2024 5:12 PM CST
လေဗာကူဆင်အသင်း၏ တိုက်စစ်မှူး ဘိုနီဖေ့စ်သည် အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေကြောင်း သိရသည်။
နိုင်ဂျီးရီးယားတိုက်စစ်မှူး ဘိုနီဖေ့စ်သည် လေဗာကူဆင်အသင်းတွင် ခြေစွမ်းပြနေသည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည်။
ထို့ကြောင့် လေဗာကူဆင်အသင်းက ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဘိုနီဖေ့စ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာချုပ်သစ်တွင် လျော်ကြေးစာချုပ် ပါဝင်ဖွယ်ရှိကြောင်းလည်း ဂျာမန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် (၂၃) နှစ်အရွယ်ရှိ ဘိုနီဖေ့စ်သည် ယခုရာသီတွင် လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၈) ဂိုး သွင်းယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
