မန်စီးတီးအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကွင်းလယ်ကစားသမား အနည်းဆုံးတစ်ဦး ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည့် ရိုဒရီကို ဒဏ်ရာပြဿနာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည်။
အဓိကကွင်းလယ်ကစားသမား ရိုဒရီ မကားနိုင်အချိန်တွင် မန်စီးတီးအသင်းအနေဖြင့် ရလဒ်များ ဆိုးရွားခဲ့သည့်အတွက် အားဖြည့်မှုပြု လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။
ယင်းအတွက် ဇန်နဝါရီတွင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူရန် ချိန်ရွယ်နေရာ နယူးကာဆယ်ကွင်းလယ်လူ ဂီမာရေ့စ်သည် ဂွါဒီယိုလာ၏ နံပါတ်(၁)ပစ်မှတ် ဖြစ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဂီမာရေ့စ်အား နံပါတ် (၁) ပစ်မှတ်အဖြစ် ခေါ်ယူရန် စီစဉ်နေသလို၊ ၎င်းကို မခေါ်ယူနိုင်ခဲ့ပါက အစားထိုးခေါ်ယူရန်အတွက် ဆိုစီဒက်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီနှင့် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ဂိုဟက်ဇ်ကာတို့ကိုလည်း စောင့်ကြည့်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
