ဝက်စ်ဟမ်းအသင်းသည် ပြီးခဲ့သည့် ပရီးမီယားလိဂ်ပွဲစဉ်တွင် လက်စတာအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနည်းပြဖြစ်သူ လိုပယ်တယ် ဟီအား ရာထူးမှ ထုတ်ပယ်ကာ ၎င်းနေရာတွင် အစားထိုးရန် နည်းပြသစ်တစ်ဦး ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
ဝက်စ်ဟမ်းအသင်းသည် ယခင်နည်းပြဟောင်း ဒေးဗစ်မွိုက်စ်နေရာတွင် လိုပယ်တယ်ဟီကို ခန့်အပ်ပြီးကတည်းက မျှော်လင့်ထားသည့် ခြေစွမ်းနှင့် ရလဒ်ကို မရသေးသည့်အပေါ် စိတ်ကုန်စပြုလာပြီဖြစ်ပြီး ဝက်စ်ဟမ်းအသင်း၏ ရလဒ်များမှာလည်း ကျဆင်းလျက်ရှိနေသည်။
Sky Sports မှ ထွက်ပေါ်လာသည့် သတင်းများအရ ယခုအချိန်တွင် လိုပယ်တယ်ဟီ၏ အနာဂတ်နှင့်ပတ်သက်ပြီး ဝက်စ်ဟမ်းအသင်း ဘုတ်အဖွဲ့အတွင်း (၂) ခြမ်းကွဲနေပြီဖြစ်ပြီး ထုတ်ပယ်ရန် စဉ်းစားသူမှာ (၆၀-၄၀) အချိုးဖြင့် အသာ စီးရနေသည်။
ယခုအချိန်တွင် အယ်လီဂရီ၊ အေဒင်တာဇစ်၊ ရော်ဂျာရှမစ်နှင့် ဆာဂျီယိုကွန်ဆေးဆောင်း စသည့် နည်းပြများကိုလည်း ဝက်စ်ဟမ်းအသင်းက စောင့်ကြည့်လျက်ရှိနေသည်။
ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အယ်လီဂရီမှာ ဝက်စ်ဟမ်းနည်းပြဖြစ်လာရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
