■ မန်ယူအသင်းနှင့် သက်တမ်းတိုးနိုင်ရန် မက်ဂွိုင်းရား မျှော်လင့်နေ
24htopnews | December 6, 2024 5:12 PM CST
မန်ယူအသင်း၏ အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားသည် အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။
အသက် (၃၁) နှစ်အရွယ်ရှိ မက်ဂွိုင်းရားသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
၎င်း၏ ခြေစွမ်းအနေအထားကြောင့် မန်ယူအသင်းအနေဖြင့် စာချုပ်သက်တမ်းတိုးလိုုခြင်းမရှိသည့်အတွက် အသင်းနှင့်လမ်းခွဲ ရတော့မည်ဟု ထင်ကြေးပေးခံထားရသည်။
သို့သော် လက်ရှိအချိန်တွင် မန်ယူအသင်းအနေဖြင့် နည်းပြအပြောင်းအလဲဖြစ်ပေါ်ထားသည့်အတွက် မက်ဂွိုင်းရားက သက်တမ်းတိုးနိုင်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။
အကယ်၍ မန်ယူအသင်းအနေဖြင့် မက်ဂွိုင်းရား စာချုပ်သက်တမ်းတိုးခြင်းမရှိပါက ၂၀၂၅ နွေရာသီတွင် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
