ထိုင်းနိုင်ငံ၏ နာမည်ကျော် တုန်ယမ်းဟင်းချိုသည် ယူနက်စကိုယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်လာခဲ့ကာ ယင်းသည် ထိုင်းနိုင်ငံ၏အစားအစာ ယဉ်ကျေးမှုအတွက် ကြီးမားသောဂုဏ်သိက္ခာတစ်ရပ် ဖြစ်လာခဲ့သည်။
ပါရာဂွေးနိုင်ငံ အဆန်စီယွန်မြို့တွင် ပြုလုပ်သော ယူနက်စကိုအစည်းအဝေးအတွင်း ဒီဇင်ဘာ ၃ ရက်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
တုန်ယမ်းဟင်းချိုသည် ခွန်းထိုင်းရိုးရာမျက်နှာဖုံးအက၊ ထိုင်းမာဆတ်၊ နိုင်ငံတောင်ပိုင်းမှ နိုရာအကနှင့်ရောင်စုံဆုန် ခရမ်ပွဲတော်ကဲ့သို့ ယူနက်စကိုစာရင်းဝင် ထိုင်းရိုးရာများတွင် အပါအဝင်ဖြစ်လာခဲ့သည်။
ထိုင်းယဉ်ကျေးမှုဝန်ကြီး ဆူဒါဝမ်ဝေါင်ဆူပါကစ်ကိုဆိုလ်က ယူနက်စကို၏အသိအမှတ်ပြုမိအတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ ထိုင်းအစားအစာတွေအတွက် အလွန်အရေးပါတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“တုန်ယမ်းဟင်းချိုဟာ ဟင်းတစ်မျိုးသာမကဘဲ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုဗဟုသုတနဲ့ အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုရဲ့ ကိုယ်စားပြုမှုတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းလွှတ်တော်က တုန်ယမ်းဟင်းချိုကို ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် လျှောက်ထားရန် ၂၀၂၁ ခုနှစ် မတ်လကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ယူနက်စကို စာရင်းဝင်ဖြစ်လာတာဟာ ကျွန်မတို့ရဲ့ယဉ်ကျေးမှုအင်အားကို မြှင့်တင်ဖို့အခွင့်အလမ်းတစ်ရပ်ဖြစ် ပါတယ်” ဟု ဆူဒါဝမ်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
