နစက၏ NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၅ ရက်)တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ(NSPNC)နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ(၅၁)ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
တွေ့ဆုံပွဲ၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် သဟဇာတဖြစ်နိုင်မည့် ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရေးအတွက် လေ့လာတွေ့ရှိချက်များနှင့် မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ညှိနှိုင်းဖြေရှင်းသွားနိုင်ရေး၊ ဒေသစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲများ ပပျောက်ပြီး အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေး ဝါဒများ ထွန်းကားလာစေရေး၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့မှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှုအခြေအနေများ၊ NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှု အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြည်သူလူထုအကြား ပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်မှန်းချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ NSPNC ၏ ဖွဲ့စည်းမှု၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်မှုအခြေအနေများ၊ NSPNC နှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းလာစေရေးနှင့် ပါတီဝင်များ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးကိစ္စတို့အား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နိုဝင်ဘာ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ် (၆)ဦးက အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနှင့် အုပ်ချုပ်ရေးမှူးများ၏အခန်းကဏ္ဍ၊ ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းခြင်း၊ ဖက်ဒရယ်အာဏာခွဲဝေမှုနှင့် အခွန်အခ ခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒေသတွင်း အတွေ့အကြုံများ၊ ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ခေတ်မီနိုင်ငံတစ်ခုအတွင်း ဘာသာစကား၊ အခြားကွဲပြားမှုများနှင့် လိုက်လျောညီထွေနေထိုင်ခြင်း ခေါင်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း) က ကော်မတီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ၏ အလုပ်အဖွဲ့တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်နိုင်ရေး သဘောထားစုစည်းရရှိခဲ့သည့် အချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် (၁၅)ဦးက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားများ၊ အကြံပြုချက်များအား ဆွေးနွေးပြောကြားကြပြီး တွေ့ဆုံပွဲ ပထမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
