
COVID-19 မျိုးကွဲ အိုမီခရွန် ကူးစက်ပျံ့နှံ့နေခြင်းသည် COVID-19 မျိုးကွဲ၏အသွင်အပြင်နှင့် လူမှုရေးဆိုင်ရာ ရောထွေးမှုများ ပိုမိုတိုးမြင့်လုပ်ဆောင်ခြင်းအပါအဝင် အကြောင်းရင်းများစွာ ပေါင်းစပ်မှုများကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ထို့ကြောင့် လူအများအနေဖြင့် ဗိုင်းရပ်စ် နှင့် ထိတွေ့မှုကို လျှော့ချနိုင်မည့်အကြောင်းရင်းများကို စဉ်းစားသုံးသပ်ရန်လိုအပ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်ရန်လိုအပ်သည်ဟု သီတင်းတစ်ပတ်ကြာ ဗိုင်းရပ်စ်ကူး စက်မှုအသစ် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် WHO ၏ COVID-19 နည်းပညာဆိုင်ရာ အကြီးအကဲ မာရီယာဗန်ကာကော့ဗ်က ပြောကြားခဲ့သည်။
အကြောင်းရင်းအများအပြားဖြင့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် လူအများအကြား အလွန်ထိရောက်စွာ ကူးစက်ပျံ့နှံ့နေသည်ဟု ဗန်ကာကော့ဗ်က ဆိုသည်။
ပထမဦးစွာ ၎င်း၏သန္ဓေပြောင်းလဲမှုများသည် ဗိုင်းရပ်စ်အား လူ့ဆဲလ်များအတွင်း ပိုမိုလွယ်ကူစွာ ကပ်တွယ်နိုင်ခွင့် ပြုခဲ့သည်။
“ဒုတိယအနေနဲ့ ကိုယ်ခံအားရှောင်တိမ်းမှုလို့ခေါ်တဲ့ အရာတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဆိုလိုတဲ့သဘောကတော့ လူတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံပြီးသွားလို့ပဲဖြစ်ဖြစ် ကာကွယ်ဆေးထိုးပြီလို့ပဲ ဖြစ်ဖြစ် ဗိုင်းရပ်စ် ပြန်လည်ကူးစက်ခံရနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
“နောက်ထပ်အကြောင်းရင်း တစ်ချက်ကတော့ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းမှာ အိုမီခရွန်ရဲ့ ပုံတူပွားမှုကို မြင်တွေ့ရပါတယ်။ဒီအချက်ဟာ ဒယ်တာနဲ့အခြားမျိုးကွဲတွေနဲ့ မတူညီတဲ့ အချက်ပဲဖြစ်ပါတယ်။ဒီဒယ် တာနဲ့အခြားမျိုးကွဲတွေဟာ အသက်ရှုလမ်းကြောင်းအောက်ပိုင်းနဲ့ အဆုတ်တွေထဲမှာ ပုံတူပွားကြတာပါ”ဟု ဗန် ကာကော့ဗ်က ပြောကြားခဲ့သည်။
သို့သော် ယင်းအကြောင်းအရာများအားလုံးကို ပေါင်းစည်းလိုက်သည့်အပြင် လူအများအနေဖြင့် အတူတကွ အနီးကပ်စုဝေးနေ ထိုင်ခြင်း၊ ဆောင်းရာသီအတွင်း နေအိမ်ပြင်ပတွင် ပိုမိုအချိန်ဖြုန်းလေ့ရှိခြင်းနှင့် တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရမည့် စည်းကမ်းချက်ကဲ့သို့ စည်းမျဉ်းများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် ယင်းဗိုင်းရပ်စ်မျိုးကွဲသည် ပိုမိုကူးစက်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
လွန်ခဲ့သည့်သီတင်းပတ်က WHO ထံ အစီရင်ခံတင်ပြသည့် ဗိုင်းရပ်စ်ကူးစက်သူအသစ် ၉.၅ သန်းအောက်ရှိပြီး ယင်းအရေအတွက်သည် ယခင်သီတင်းပတ်ထက် ၇၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
“လူအများစုက နေအိမ်အပြင်ကိုထွက်နေကြပါတယ်။ သင့်အနေနဲ့ စိုးရိမ်ဖို့လိုအပ်တာက ဗိုင်းရပ်စ်နဲ့ ထိတွေ့နေတာကို လျှော့ချဖို့ပဲဖြစ်ပါတယ်”ဟု ဗန်ကာကော့ဗ်ကပြောကြားခဲ့သည်။
“လူတွေအနေနဲ့ သူတို့မှာ ဗိုုင်းရပ်စ်ကူး စက်မှုကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာကို နားလည်စေချင်ပြီး စိတ်ခွန်အားရရှိစေချင်ပါတယ်”ဟု၎င်းကဆိုသည်။
ရှည်လျားသော COVID-19 ရောဂါလက္ခဏာများဖြစ်ပွားခြင်းမှ ရှောင်လွှဲနိုင်ခြင်းသည် ရောဂါကူးစက်ခံရခြင်းကို ပထမနေရာမှ ကာကွယ်နိုင်ရန်အတွက် ကြိုးပမ်းမှုတွင် လုံလောက်သော အကြောင်းပြချက်ဖြစ်သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်