Top News

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ သန်း ၃၀၀ ကျော် ရှိလာ
24htopnews | December 6, 2024 9:12 PM CST

ဒါဇင်နှင့်ချီသည့် ကမ္ဘာ့နိုင်ငံများတွင် လွန်ခဲ့သည့် သီတင်းပတ်ကျော်အတွင်း အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်၏ လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုကြောင့် ကူးစက်မှုနှုန်း စံချိိန်သစ်များ တင်လာခဲ့ခြင်းနှင့်အတူ ဇန်နဝါရီ ၇ ရက်တွင်ကမ္ဘာ တစ်ဝန်း၌ COVID-19 ကူးစက်ခံရသူပေါင်း သန်း ၃၀၀ ကျော် ရှိလာခဲ့သည်။

လွန်ခဲ့သည့် ခုနစ်ရက်က ဥရောပမှ ၁၈ နိုင်ငံနှင့် အာဖရိကမှ ခုနစ်နိုင်ငံအပါအဝင်

နိုင်ငံပေါင်း ၃၄ နိုင်ငံသည် ကပ်ရောဂါစတင် ဖြစ်ပွားချိန်ကတည်းက အပတ်စဉ် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ချက်များကို အခြေခံထားသည့် အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် ယခင်ကို ရိုနာဗိုင်းရပ်စ်မျိုးကွဲများထက် ပိုမိုကူးစက်မြန်သော်လည်း ယင်းမျိုးကွဲသည် ယခင်မျိုးကွဲများထက် ပြင်းထန်ရောဂါအခြေအနေဖြစ်ပွားမှု ပိုမိုနည်းပါးစေနိုင်ဖွယ်ရှိနေသည်။

လွန်ခဲ့သည့်သီတင်းပတ်က ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသူ ၁၃.၅ သန်း စံချိန်တင်ရှိခဲ့ပြီး ယခင်သီတင်းပတ်ထက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာသည့်တိုင် ကမ္ဘာတစ်ဝန်း ကိုရို နာဗိုင်းရပ်စ်ကြောင့် ပျမ်းမျှသေဆုံးမှုနှုန်းမှာ သုံးရာခိုင်နှုန်း လျော့ကျသွားခဲ့သည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက် ကုသနိုင်သည့် အခြေအနေမှာ ၇၀ ရာခိုင်နှုန်းခန့် လျော့နည်းသည်ဟု ဗြိတိန်၊ အမေရိကန်၊ကနေဒါနှင့် အစ္စရေးတို့မှရရှိသည့်အချက်အလက်အရ တွေ့ရှိခဲ့သည်ဟု ပြင်သစ်နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇန်နဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

သို့သော် ကမ္ဘာတစ်ဝန်းလုံးတွင်နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပျမ်းမျှ နှစ်သန်းရှိလာခဲ့ပြီး အလွန်များပြားလာသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် ကျန်းမာရေးစနစ်များကို ယိုယွင်းလာစေရန် ခြိမ်းခြောက်နေသည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့သည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသူများနှင့်သေဆုံးသူများ ရှိနေချိန်တွင် ယင်းမျိုးကွဲကို မပြင်းထန်သော မျိုးကွဲအဖြစ် မသတ်မှတ်သင့်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို အာဒါနွန် ဂီဘရီယေဆုက ပြောကြားခဲ့သည်။

“တကယ်တော့ ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းကြီးဟာ အလွန်ကြီးမား မြန်ဆန်ပြီး ကမ္ဘာတစ် ဝန်းလုံးက ကျန်းမာရေးစနစ်တွေအပေါ်လွှမ်းမိုးသွားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်ခြောက်ပတ်က အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကို စတင်တွေ့ရှိချိန် ကတည်းက ယင်းမျိုးကွဲသည် နိုင်ငံအများအ ပြားတွင် ကူးစက်ပျံ့နှံ့နေသောကြောင့် ကမ္ဘာ့နိုင်ငံများက ကာကွယ်ဆေးထိုးနှံမှုများကို ပိုမိုတွန်းအားပေး လုပ်ဆောင်ကြသည့်အပြင် အချို့နိုင်ငံများက ကန့်သတ်ချက်စည်းမျဉ်းများဖြင့် ဗိုင်းရပ်စ်ကူးစက်မှုများကို တားဆီးကာကွယ်ရန် ကြိုးပမ်းကြသည်။

အိန္ဒိယနိုင်ငံတွင် အိုမီခရွန်လွှမ်းမိုးခဲ့သည့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လာ ခြင်းကြောင့်လွန်ခဲ့သည့်နှစ်က ဗိုင်းရပ်စ်ကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့သည့် နိုင်ငံ၏အမှောင်မိုက်ဆုံး ကပ်ရောဂါနေ့ရက်များဆီ ပြန် လည်ရောက်ရှိသွားမည့်အရေးကို စိုးရိမ်ပူပန် နေကြသည်။                                    


READ NEXT
Cancel OK