
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့(ECOWAS)က မာလီနိုင်ငံအပေါ်ချမှတ်လိုက်သော တရားမဝင်ဒဏ်ခတ်ပိတ်ဆို့မှုများကို မိမိတို့ ပြင်းထန်စွာ ရှုတ်ချသည်ဟု မာလီအာဏာရစစ်အစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၀ ရက်တွင် အမျိုးသားရုပ်သံက ထုတ်လွှင့်ခဲ့သော ထုတ်ပြန်ချက်တွင် မာလီစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အဗ္ဗဒူလေးက အနောက်အာဖရိကနိုင်ငံများအဖွဲ့ဆိုင်ရာ မာလီသံအမတ်ကို ပြန်လည်ဆင့်ခေါ်ရန်၊ ယင်းအဖွဲ့နှင့် နယ်နိမိတ်ထိစပ်နေသော ဝေဟင်နှင့် မြေပြင်တို့ကို ပိတ်ထားရန် ကြေညာခဲ့သည်။
ECOWAS နှင့် အနောက်အာဖရိက စီးပွားရေးနှင့် ငွေကြေးသမဂ္ဂ (UEMOA) တို့က မာလီကို စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ အစီအမံအများအပြားကို ချမှတ်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နယ် စပ်များပိတ်ထားခြင်း၊ ကုန်သွယ်ရေးပိတ်ဆို့မှုများ ချမှတ်ခြင်းတို့လည်း ပါဝင်ခဲ့သည်။ အာဏာကို နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်ထိန်းထားရန် မာလီစစ်အစိုးရ၏ ရည်ရွယ်ချက်မှာ လုံးဝ လက်မခံနိုင်စရာဖြစ်သည်ဟု ဖော်ပြခဲ့သည်။
အာဏာသိမ်းမှု နှစ်ကြိမ်နှင့် စစ်တပ်၏ အာဏာလွှဲယူမှုတစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် မာလီနိုင်ငံတွင် အရပ်သားအစိုးရထံ အာဏာပြန်လည်အပ်နှင်းရေးအတွက် ရွေးကောက်ပွဲ အချိန်ဇယားနှင့် စပ်လျဉ်း၍ မြင့်တက်လာသည့် တင်းမာမှုများ လပေါင်းများစွာဖြစ်ခဲ့ပြီးနောက် ဂါနာတွင် ဒေသဆိုင်ရာခေါင်းဆောင်များ၏ အစည်းအဝေးဖြစ် ပေါ်လာခဲ့သည်။
မာလီအစိုးရသည် တရားမဝင် ဒဏ်ခတ် အရေးယူမှုများကို ပြင်းထန်စွာ ရှုတ်ချသည် ဟု မာလီစစ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖုံးကွယ်ထားသော ရည်ရွယ်ချက်များနှင့် အတူ ဒေသတွင်းအင်အားအလွန်ကြီးသော နိုင်ငံများ၏ အသုံးချခြင်းကို ECOWAS နှင့်UEMOA တို့ခံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အထူးသဖြင့် ဆာဟယ် ဒေသတွင် ဂျီဟတ်သူပုန်ထမှုကို တိုက်ဖျက် နေသော ပြင်သစ်ကို သိသိသာသာ ရည်ညွှန်း ခဲ့သည်။
ယခုပိတ်ဆို့မှုများ၏ လူမဆန်သောသ ဘာဝကို ကန့်ကွက်သည်ဟု မာလီစစ်အစိုးရ က ဆက်လက်ဖော်ပြခဲ့သည်။ လုံခြုံရေးပြဿ နာ၊ ကျန်းမာရေးပြဿနာတို့ကြောင် ဆိုးဆိုး ရွားရွား ထိခိုက်နေသော မာလီပြည်သူများကို ယခုပိတ်ဆို့မှုများ သက်ရောက်လာမည်ဟု မာလီစစ်အစိုးရက ဝေဖန်ခဲ့သည်။
အနောက်အာဖရိကနိုင်ငံများ၏ ကုန် သွယ်ရေးပိတ်ပင်မှုများကို ရင်ဆိုင်နေရသော မာလီစစ်အစိုးရကမူ သင့်လျော်သောနည်း လမ်းများဖြင့် ပုံမှန်ထောက်ပံ့ပစ္စည်းအားလုံး ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု ပြော ကြားခဲ့ပြီး ပြည်သူများ တည်တည်ငြိမ်ငြိမ်ရှိ ကြရန် တောင်းဆိုခဲ့သည်။
ယခုပိတ်ဆို့မှုများသည် ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ချမှတ်ခဲ့သော အရေးယူပိတ် ဆို့မှုများထက် ပိုမိုပြင်းထန်သည်။
မာလီနိုင်ငံက လုံခြုံရေးအခြေအနေကြောင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကျင်းပပေးရန် မူလက စီစဉ်ထားသည့်အတိုင်းကျင်းပပေးရန် မဖြစ်နိုင်တော့ဟု အာဏာရစစ်အစိုးရက ပြောကြားထားသည်။
ဗိုလ်မှူးကြီးဂွိုင်တာ ဦးဆောင်သည့် စစ်အရာရှိများက ရွေးကောက်ခံသမ္မတ အီဗရာဟင်ဘူဘာကာကီတာကို ဖြုတ်ချခဲ့သည့် ပထမအကြိမ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အရပ်သားအစိုးရထံ အာဏာ အမြန် ဆုံးပြန်အပ်ရန် ECOWAS က တွန်းအားပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်