
ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ လွတ်မြောက်ခဲ့ပြီးနောက် ဆယ်စုနှစ်သုံးခုအတွင်း အဆိုးရွားဆုံး ဆူပူမှုဖြစ်ပွားခဲ့ပြီးကာ ဇန်နဝါရီ ၉ ရက်တွင် ကာဇက်စတန်သမ္မတက နောက်ထပ်လုံခြုံရေးထိပ်တန်းတာဝန် ရှိသူနှစ်ဦးကို ထုတ်ပယ်လိုက်သည်။
အရေးပါသော အစိုးရအဆောက်အအုံများကို ရုရှားဦးဆောင်သော စစ်သားများက စောင့်ကြပ်နေခြင်းနှင့်အတူ အခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ကာဇက်စတန်အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ရုရှား၊ တရုတ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး ရေနံနှင့် ယူရေနီယမ်ကြွယ်ဝသော ဗဟိုအာရှသမ္မတနိုင်ငံတွင် အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတော်ပုန်ကန်မှုသံသယဖြင့် ဖမ်းဆီးခံရသော ထောက် လှမ်းရေးအကြီးအကဲဟောင်းခါရင်မက်ဆီမော့၏ လက်ထောက်များကို ကာဇက်စတန် သမ္မတက ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သော သီတင်းပတ်တွင် ဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲများအတွင်း အစိုးရအဆောက်အအုံများ မီးရှို့ခံခဲ့ရကာ လူရာချီ ထိန်းသိမ်းခံခဲ့ရသည်။ ဓားပြများ၊ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟု သမ္မတကက်ဆင်ဂျိုးမတ်တိုကာယက်က အပြစ်တင်ခဲ့သော ဆူပူမှုများကို နှိမ်နင်းရန် ၎င်းက ပစ်မိန့်ပေးခဲ့သည်။
အဆိုပါဆန္ဒပြပွဲများအတွင်း လူ ၁၆၄ဦး သေဆုံးခဲ့သည်ဟု ကာဇက်စတန်အစိုးရ၏ လူမှုမီဒီယာမှ ထုတ်ပြန်သော စာရင်းကို ကိုးကားကာ ရုရှားမီဒီယာနှင့် ရုရှားနိုင်ငံပိုင်မီဒီယာတို့က ဖော်ပြခဲ့ကြသည်။ သို့ရာတွင် ကျန်းမာရေးအာဏာပိုင်များနှင့် ရဲတို့က အဆိုပါ အရေအတွက်ကို အတည်ပြုခြင်းမရှိခဲ့ပေ။ ထို့နောက် ကာဇက်စတန်အစိုးရ၏ လူမှုမီဒီယာက တင်ခဲ့သောပို့စ်ကိုလည်း ဖျက်ပစ်ခဲ့သည်။
ဆန္ဒပြသူများကိုယ်စား ပြောဆိုမည့် အုပ်စုတစ်စုတစ်လေပင်ထွက်ပေါ်လာခြင်း မရှိပေ။ လောင်စာစျေးနှုန်းမြင့်တက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲများ လွန်ခဲ့သော သီတင်းပတ်တွင် စတင်ပေါ်ပေါက်ခဲ့သည်။ ထို့နောက် အဆိုပါ ဆန္ဒပြပွဲများသည် တိုကာယက်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအဖြစ် ပေါ်ပေါက် လာခဲ့သည်။ တိုကာယက်သည် အသက် ၈၁ နှစ်အရွယ် သမ္မတနာဆူလ်တန်နာဇာဘာ ယက်နေရာတွင် အစားဝင်ရကာ ကာဇက်စတန်သမ္မတဖြစ်လာသူဖြစ်သည်။
တိုကာယက်၏ ဖိတ်ခေါ်မှုဖြင့် ရုရှားဦးဆောင်သောမဟာမိတ်အဖွဲ့ဖြစ်သည့် ဆိုဗီ ယက်ပြည်ထောင်စုဟောင်းနိုင်ငံများအဖွဲ့ Collective Security Treaty Organisation (CSTO) က တရားဥပဒေပြန်လည် စိုးမိုးရေးအတွက် စစ်သားများကိုစေလွှတ်ပေးခဲ့သည်။ ယူကရိန်းအရေးနှင့် ပတ်သက်၍ ယခုသီတင်းပတ်အတွင်းပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန်-ရုရှားဆက်ဆံရေးများတွင် တင်းမာမှုမြင့်တက်နေချိန် ကာဇက်စတန်တွင် ရုရှား၏ ကြားဝင်မှု ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ အဆိုပါစစ်သားများသည် ကာဇက်စတန်နိုင်ငံတွင် ကြာကြာရှိမည်မဟုတ်ဟု ထင်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် တိုကာယက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး သီတင်းတစ်ပတ်ထက်ပိုကြာဖွယ်မရှိ သို့မဟုတ် တစ်ပတ်ပြည့်အောင်ပင် ရှိနိုင်မည် မဟုတ်ဟုဆိုသည်။
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အခြား CSTO ခေါင်းဆောင်များသည် ဇန်နဝါရီ ၁၀ ရက်တွင် ကာဇက်စတန်အရေးကို အွန်လိုင်းမှ ဆွေးနွေးခဲ့ကြသည်ဟု ရုရှားအစိုးရတာဝန်ရှိ သူက ထုတ်ဖော်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်