Top News

COVID-19 ကူးစက်ပျံ့နှံ့ပြီးနောက် ဂျပန်နိုင်ငံရှိ အမေရိကန်တပ်များ အခြေစိုက်စခန်းတွင် သီတင်းနှစ်ပတ်ကြာ နေထိုင်မည်
24htopnews | December 6, 2024 9:12 PM CST

ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ တည်ရှိရာဒေသများ၌ ဒေသခံအရာရှိများသည်ယင်းတပ်ဖွဲ့နှင့် ဆက်နွှယ်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ သိသိသာသာမြင့်တက်ခဲ့သောကြောင့် အမေရိကန်တပ်ဖွဲ့များ အနေဖြင့် ဇန်နဝါရီ ၁၀ ရက်မှစ၍ သီတင်းနှစ်ပတ်ကြာ ၎င်းတို့၏ အခြေစိုက်စခန်းမှ မလိုအပ်ဘဲ အပြင်ထွက်မည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။

အဓိကအမေရိကန်စစ်စခန်းများ တည်ရှိရာသို့မဟုတ် ယင်းစစ်စခန်းများ အနီးအနားရှိ အိုကီနာဝါကျွန်းအပါအဝင် ဒေသသုံးခုကို  အစိုးရက ဗိုင်းရပ်စ်ကန့်သတ်ချက်စည်းမျဉ်း အသစ်များ ပြဋ္ဌာန်းခဲ့ချိန်တွင် အမေရိကန်တပ်ဖွဲ့ကယခုကဲ့သို့ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက COVID-19 ကူးစက်မှု အစုအဖွဲ့များသည် ဒေသခံများနှင့်ထိတွေ့ခဲ့သည့် ဗိုင်းရပ်စ်ကူးစက်ခံထားရသော အမေရိကန်တပ်ဖွဲ့ဝင်များမှ အစပြုကူးစက်ခြင်း ဖြစ်သည်ဟု ဂျပန်တာဝန်ရှိသူများက ယူဆထားကြသည်။

ဂျပန်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများက အမေရိကန်တပ်ဖွဲ့များအတွက် ပိုမိုတင်းကျပ်သော ကပ်ရောဂါဆန့်ကျင်ရေးဆိုင်ရာ စည်းမျဉ်းများကို အကောင်အထည်ဖော်ရန် အမေရိကန်နိုင်ငံခြားရေးနှင့်ကာ ကွယ်ရေးဝန်ကြီးများကို ဇန်နဝါရီ ၇ ရက်က သတိပေးပြောကြားခဲ့သည်။

“USFJ(ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့)ရဲ့ အမေရိကန်တပ်ဖွဲ့နဲ့သက်ဆိုင်တဲ့အ ဆောက်အအုံနဲ့ နေရာတွေအပြင်ဘက်ကို မလိုအပ်ဘဲ သွားလာခြင်းမပြုဖို့ ကန့်သတ်သွားမှာဖြစ်ပါတယ်”ဟု ဂျပန်အစိုးရနှင့် USFJ တို့က ပူးတွဲအစီရင်ခံစာတစ်စောင်ကို ဇန်နဝါရီ ၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နေအိမ် အပြင်ဘက်ကို သွားလာသည့်အခါများတွင်လည်း နှာခေါင်းစည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ဒီဇင်ဘာလလယ်ပိုင်းက နိုင်ငံတောင်ပိုင်း အိုကီနာဝါဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်များအကြား ဗိုင်းရပ်စ်ကူးစက်မှုအစုအဖွဲ့များဖြစ်ပွားနေကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ သိသိသာသာမြင့်တက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။

ဂျပန်တွင် ပြည်ပနိုင်ငံမှ နိုင်ငံတွင်းဝင် ရောက်လာသူများကို ကွာရန်တင်းဝင်စေခြင်းနှင့် မကြာခဏ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိစစ်ဆေးစေခြင်းကဲ့သို့ တင်းကျပ်သောနယ် စပ်ကန့်သတ်ထိန်းချုပ်မှုများ ချမှတ်ထားသည်။

သို့သော် ယင်းစည်းမျဉ်းများသည် အမေရိကန်တပ်ဖွဲ့ဝင်များအတွက် သက်ရောက်ခြင်းမရှိခဲ့ဘဲ မကြာသေးမီအချိန်အထိ ဂျပန်နိုင်ငံတွင်းသို့ ဝင်ရောက်လာသော အမေရိကန်တပ်ဖွဲ့ဝင်များသည် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးခြင်း သို့မဟုတ် ကွာရန်တင်းဝင်ရန်လိုအပ်ခြင်းတို့ မလုပ်ဆောင်ခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာရာရှီကပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းက ဟာရာရှီသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီ ဘလင်ကင်နှင့်တွေ့ဆုံရာ၌ အမေရိကန်အစိုးရအနေဖြင့် အမေရိကန်တပ်ဖွဲ့၏ လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ်ရန် တိုက်တွန်းပြော ကြားခဲ့သည်။                                   


READ NEXT
Cancel OK