
တရုတ်နိုင်ငံတွင် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမတိုင်မီ သီတင်းပတ်ပေါင်းများစွာအလိုတွင် အဓိကမြို့အများအပြား၌ ကပ်ရောဂါဆိုင်ရာ သတိပေးချက်အမြင့်ဆုံးအထိ တပ်လှန့်နှိုးဆော်ထားမှုနှင့်အတူ နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီ ၁၀ ရက်၌ အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်အများအပြားတွေ့ရှိခဲ့သည်။
အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် ပေါ်ပေါက်လာခြင်းသည် lock down ချမှတ်မှု သုံးပတ်မြောက် ရောက်ရှိလာသည့် ဒေသခံ ၁၃ သန်းနေထိုင်သော ရှီအန်းမြို့အပါအဝင် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်အများအပြားကို တိုက်ဖျက်နေသည့် တရုတ်အစိုးရ၏ COVID-19 ကင်းစင်ရေး မဟာဗျူဟာအပေါ် နောက်ထပ်စမ်းသပ်မှု တစ်ရပ်ဖြစ်လာခဲ့သည်။
နိုင်ငံမြောက်ပိုင်း တီအန်ကျင်းမြို့မှကူးစက်မှုနှင့်ဆက်နွှယ်၍ အန်ယန်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်က အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦးတွေ့ရှိခဲ့ပြီး တီအန်ကျင်းမြို့ မှ ဗိုင်းရပ်စ်ကူးစက်မှု အစုအဖွဲ့တစ်ခုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
“မဖြစ်မနေ သွားလာရမယ့်ကိစ္စကလွဲပြီး တီအန်ကျင်းမြို့က ဒေသခံတွေအနေနဲ့ မြို့ထဲကနေ မထွက်ခွာသင့်ပါဘူး”ဟုမြို့တာ ဝန်ရှိသူများက ဇန်နဝါရီ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။
မြို့တွင်းမှ ထွက်ခွာရန် လိုအပ်သူများအနေဖြင့် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရရှိရန်လိုအပ်ပြီး မြို့တွင်းမှ မထွက်ခွာမီ ၄၈ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း မရှိကြောင်း စစ်ဆေးချက် ပြသရမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာသင်ကျောင်းများနှင့် တက္ကသိုလ်ဝန်းများ ပိတ်ထားပြီး တီအန်ကျင်းမြို့မှ ပေကျင်းသို့ မီးရထားပြေးဆွဲမှုများကိုလည်း ရပ်ဆိုင်းခဲ့သည်။
ပေကျင်းမြို့တော်မှ ၁၅၀ ကီလိုမီတာ အကွာတွင်ရှိသည့်တီအန်ကျင်းမြို့တွင် ဒေသခံ ၁၄ သန်းကို ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း ရှိ၊မရှိ စစ်ဆေးရန် အမိန့်ထုတ်ထားပြီးဖြစ်သည်။
ဇန်နဝါရီ ၁၀ ရက်တွင် တီအန်ကျင်းမြို့၌ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ဦး တွေ့ရှိခဲ့သော်လည်း အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ဟုတ်၊မဟုတ် အတည်မပြုထားပေ။
ဗိုင်းရပ်စ်ကူးစက်ခံရသည့်ဖြစ်စဉ် အသစ်များမှာ အဓိကအားဖြင့် မူကြိုကျောင်း တစ်ခုတည်းမှ ကျောင်းသားများနှင့် ၎င်းတို့၏မိဘများဖြစ်သည်ဟု တီအန်ကျင်း မြူနီစီ ပယ်ကျန်းမာရေးကော်မရှင်မှညွှန်ကြားရေးမှူး ဂူကျင်းက ပြောကြားခဲ့သည်။
ဟီနန်ပြည်နယ်အလယ်ပိုင်း အန်ယန်းမြို့အာဏာပိုင်များကလည်း ဒေသခံငါးသန်းကျော်ကို ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ၊မရှိ စစ်ဆေးရန် ထုတ်ပြန်ကြေညာခဲ့သည်။
အန်ယန်းမြို့တွင် တီအန်ကျင်းမြို့မှဗိုင်းရပ်စ်ကူးစက်မှု အစုအဖွဲ့နှင့် ဆက်နွှယ်၍ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိခဲ့သည်။
ဟီနန်ပြည်နယ်တွင် ဇန်နဝါရီ ၁ဝရက်က ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၆၀ ဦးရှိပြီး ဟီနန်ပြည်နယ်၏မြို့တော် ကျန်ကျိုးတွင် စာသင်ကျောင်းများနှင့် မူကြိုကျောင်းများကို ပိတ်ကာ စားသောက်ဆိုင်များတွင်လည်း ဆိုင် ထိုင်စားသောက်မှုများကို ပိတ်ပင်ကန့်သတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်