
ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် သက်ဆိုင်သည့်ယာဉ်များ မတော်တဆမှု တစ်စုံတစ်ရာ ကြုံတွေ့ခဲ့မည်ဆိုပါက ကူညီခြင်းမပြုကြရန် ပေကျင်းမြို့တော် ရဲတပ်ဖွဲ့က မြို့ခံများကို သတိပေးလိုက်သည်။
အိုလံပစ်ပြိုင်ပွဲနှင့် ပတ်သက်၍ ချမှတ်ထားသော COVID-19 ရောဂါဆိုင်ရာ စည်းမျဉ်းများ တင်းတင်းကျပ်ကျပ် ချထားမှုကို မချိုးဖောက်မိစေရန် အလို့ငှာ အာဏာပိုင်များက ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
ပေကျင်းမြို့သည် လာမည့် ဖေဖော်ဝါရီလအတွင်း တင်းကျပ်သည့် စည်းမျဉ်းများအောက်တွင် အိုလံပစ်ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကာ အားကစားသမားများနှင့် အခြားတက်ရောက်လာ သူများကို လူထုနှင့် ထိတွေ့မှုမရှိစေရန် လုပ်ဆောင်ထားမည်ဖြစ်သည်။
ပြီးခဲ့သည် သီတင်းပတ်တွင် အာဏာပိုင်များက အိုလံပစ်ပြိုင်ပွဲနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို ခေတ္တပိတ်ထားလိုက်သည့်အတွက် ထောင်နှင့်ချီသည့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်း များ၊ စားဖိုမှူးများနှင့် အကြိုအပို့ယာဉ်မောင်းများအနေဖြင့် ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံခွင့် မရဘဲ သီတင်းပတ်များနှင့်ချီကာ နေထိုင်သွားရမည် ဖြစ်သည်။
ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ရေး မဟာဗျူဟာကို ချမှတ်လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများကို အလွန်တင်းကျပ်စွာ ချမှတ်ထားသည့်အတွက် အိုလံပစ်ပြိုင်ပွဲနှင့် သက်ဆိုင်သည့်ယာဉ်များ မတော်တဆမှု ဖြစ်ပွားပါက အလျင်စလို သွားရောက်ကူညီခြင်း မပြုရန် မြို့တော်ရဲတပ်ဖွဲ့က ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အိုလံပစ်ပြိုင်ပွဲနဲ့ သက်ဆိုင်တဲ့ အထူးယာဉ်တွေ မတော်တဆမှု ဖြစ်ပွားပါက အန္တရာယ်မရှိနိုင်တဲ့ အကွာအဝေးမှာပဲ နေကြဖို့ ဂရုပြုစေလိုပါတယ်” ဟု ပေကျင်းမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဌာနက ဆိုရှယ်မီဒီ ယာတစ်ခုဖြစ်သည့် Weibo တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါယာဉ်များ သို့မဟုတ် ၎င်းယာဉ်များတွင် လိုက်ပါလာသည့် ဝန်ထမ်းများနှင့် ထိတွေ့ခြင်း မပြုကြရန်နှင့် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်လာမည့် ကျွမ်းကျင်သူများကို စောင့်ဆိုင်းကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံတွင် ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုံးဝသက်ညှာမပေးသော မဟာဗျူဟာ တစ်ရပ်ကို ကျင့်သုံးခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည့် အိုလံပစ် ပြိုင်ပွဲကြီးနှင့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲတို့အပေါ် ကပ်ရောဂါသက်ရောက်မှုကို ထိန်းချုပ်နိုင်ရန် အတွက်လည်း တရုတ်အာဏာပိုင်များက အလားတူ မဟာဗျူဟာကိုပင် ကျင့်သုံးလျက်ရှိသည်။
ယင်းသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အချိန်နောက်ဆုတ်ခဲ့ရသည့် တိုကျို နွေရာသီ အိုလံပစ်ပြိုင်ပွဲနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် စေတနာ့ဝန်ထမ်းများနှင့် အခြား သက်ဆိုင် သည့် ဝန်ထမ်းများသည် ဝင်ထွက်သွားလာ လှုပ်ရှားခွင့်အချို့ရရှိခဲ့သည်။
လာမည့် သီတင်းပတ်များအတွင်း နိုင်ငံတကာမီဒီယာများနှင့် ပြိုင်ပွဲဝင် အားကစားသမား ၃,၀၀၀ ခန့် ပေကျင်းမြို့သို့ စတင်ရောက်လာဖွယ်ရှိကာ ၎င်းတို့အနေဖြင့် ရောက်လာချိန်မှစပြီး ပြန်လည်ထွက်ခွာသည့် အချိန်အထိ သတ်မှတ်ထားသော အဆောင်များတွင်သာ နေထိုင်ရမည်ဖြစ်ကာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူများ ဖြစ်ရမည်ဖြစ်ပြီး ကွာရန်တင်း ၂၁ ရက် ဝင်ရန်လည်း လိုအပ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်