
သြစတြေးလျနိုင်ငံ၏ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်တွင် ဇန်နဝါရီ ၉ ရက်က COVID-19 ကြောင့် လူ ၁၆ ဦးသေဆုံးခဲ့ပြီး ယင်းသည် ကပ်ရောဂါကာလအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးနေ့အဖြစ် စံချိန်တင်သွားခဲ့သည်။
ယင်းပြည်နယ်တွင် ရောဂါကူးစက်ခံရ မှုကြောင့် သီးခြားခွဲနေထိုင်ခဲ့ရသည့် မရှိမဖြစ် ဝန်ထမ်းအချို့ကို ရောဂါလက္ခဏာမပြပါက လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ချိန်တွင် သေဆုံးသူ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
သြစတြေးလျ၏ လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် နယူးဆောက်သ်ဝေးလ်စ် တွင်ရောဂါကူးစက်ခံရသူ သစ် ၃၀၀၀၀ ခန့်ရှိပြီး ယင်းလူနာများနှင့်ထိတွေ့ခဲ့သူ ၂၀၀၀၀၀ ကျော်မှာ သီးခြားခွဲ နေထိုင်လျက်ရှိသည်။
အစားအစာနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍမှ မရှိမဖြစ် ဝန်ထမ်းအရေအတွက် မည်မျှရှိသည်ကို စာရင်းပြုစုခဲ့ခြင်းမရှိသော်လည်း အချို့လုပ်ငန်းရှင်များကမူ ၎င်းတို့၏ ဝန်ထမ်း ထက်ဝက်ခန့်သည် အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့ပြီးနောက် ၎င်းတို့ကို နားနေခွင့်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်၏ အိုမီခရွန်မျိုးကွဲ ကူးစက်မှုများသည် အစားအစာနှင့် ထောက်ပံ့ရေးကွင်းဆက်ကို ထိခိုက်စေခဲ့သဖြင့် စျေးဝယ် ကုန်တိုက်များတွင် ပစ္စည်းပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။
“အစားအစာနဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍတွေက မရှိမဖြစ် အရေးပါတဲ့ ဝန်ထမ်းတွေဟာ COVID-19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာကြောင့် သူတို့ကို အိမ်မှာပဲ သီးသန့် နားခွင့်ပေးခဲ့ပါတယ်။ တကယ်လို့ သီး သန့်ခွဲနေတုန်း ရောဂါလက္ခဏာမပြတဲ့ သူတွေဆိုရင် အလုပ်ပြန်လုပ်ခွင့်ပေးပြီး အခြေခံစားသောက်ကုန်တွေ မပြတ်လပ်အောင် လုပ်ဆောင်နေပါတယ်” ဟု နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ကျန်းမာရေးဌာနက ဇန်န ၀ါရီ ၉ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ဝန်ထမ်းများကို နားနေခွင့်ပြုရာတွင် လုပ်ငန်းခွင်၏ အဓိက ဝန်ဆောင်မှုများ ဆိုးရွားစွာထိခိုက်နိုင်ခြေနှင့် ချင့်တွက်ပြီး နားနေခွင့်ပြု၊ မပြုကို လုပ်ငန်းရှင်က ဆုံးဖြတ်ရမည်ဖြစ်သည်။
လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်သည့် ဝန်ထမ်းများသည် နေ့စဉ်ရောဂါစစ် ဆေးမှုခံယူမှုအပါအဝင် လုပ်ငန်းရှင်က ချမှတ်ထားသည့် ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပြီး နှာခေါင်း စည်းများ ဝတ်ဆင်ရမည်ဖြစ်သည်။
ယင်းစည်းကမ်းများကို စိုက်ပျိုးမွေးမြူ ရေးကဏ္ဍမှ ဇီဝလုံခြုံရေးနှင့် အစားအစာဘေး ကင်းလုံခြုံရေးကဏ္ဍမှ ဝန်ထမ်းများအထိပြ ဋ္ဌာန်းခဲ့သည်။
နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တွင် ဇန်နဝါရီ ၉ ရက်က သေဆုံးသူ ၁၆ ဦးတွင် အသက် ၆၀ မှ ၉၀ ကြား သက်ကြီးပိုင်း အမျိုုးသမီး ရှစ်ဦးနှင့် အမျိုးသား ရှစ်ဦးဖြစ်သည်ဟု ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်နယ်အတွင်း COVID-19 လူနာ ၁၉၂၇ ဦးမှာ ဆေးရုံတင်ထားရကာ ၎င်းတို့ထဲမှ ၁၅၁ ဦးမှာ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေရသည်ဟု အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၉ ရက်တွင် ဗစ်တိုးရီးယားပြည်နယ်၌ ရောဂါကူးစက်ခံရသူသစ် ၄၄၁၅၅ ဦး ရှိခဲ့ပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့သည်။
ရောဂါကူးစက်မှုများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အိုမီခရွန်မျိုးကွဲကူးစက်မှုများ ဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
လူဦးရေ ၂၅ သန်းကျော်ရှိသည့် သြစတြေးလျတွင် နိုင်ငံလူဦးရေ၏ ၇၇ .၄ ရာခိုင်နှုန်း ဖြစ်သည့် လူပေါင်း ၁၉.၉ သန်းခန့်ကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်