Top News

ဖိလစ်ပိုင်တွင် COVID-19 ကူးစက်ခံရသူ စံချိန်တင် မြင့်တက်လာ
24htopnews | December 6, 2024 9:12 PM CST

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၈ ရက်က COVID-19 ကူးစက်ခံရသူသစ် ၂၆၄၅၈ ဦး တွေ့ရှိခဲ့ပြီး ယင်းသည် နေ့အလိုက်ကူးစက်ခံရသူအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်ဟု ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

ယခင်က နေ့အလိုက်ကူးစက်ခံရသူ အများဆုံးအဖြစ် စံချိန်တင်ခဲ့သည့်ရက်မှာ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကဖြစ်ပြီး ယင်းရက်တွင် ကူးစက်ခံရသူ ၂၆၃၀၃ ဦးရှိခဲ့သည်။ထို့ပြင် ဇန်နဝါရီ ၈ ရက်တွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးသူ ၂၆၅ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူ စုစုပေါင်း၂.၉၃ သန်းရှိကာ သေဆုံးသူ စုစုပေါင်း ၅၂၀၀၀ ကျော်ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ကြောင့် ရောဂါကူးစက်မှုများ မြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် အနေဖြင့် ကာကွယ်ဆေး ထိုးနှံမထားသူများကို နေအိမ်အတွင်း၌သာနေထိုင်ရန်နှင့် စည်း ကမ်းချက်ကို ချိုးဖောက်ပြီး အိမ်အပြင်ထွက်ပါက ၎င်းတို့ကို ဖမ်းဆီးရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဇန်နဝါရီ ၆ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

“ဒါဟာ နိုင်င့ံအရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးမထားတဲ့သူတွေကို အပြင်မထွက်ဘဲ အိမ်ထဲမှာနေဖို့ ကျွန်တော်တို့ ထိန်းချုပ်ဟန့် တားရတာဖြစ်ပါတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။ “ကျေးရွာအကြီးအကဲတွေကိုလည်း ကျွန်တော် အမိန့်ထုတ်ပြီးပါပြီ။ ကာ ကွယ်ဆေးထိုးမထားတဲ့သူတွေကို ရှာပြီး ကာကွယ်ဆေး အထိုးခံဖို့ တောင်းဆိုတာ ဒါမှမဟုတ် အမိန့်ပေးတာတွေလုပ်ဖို့ ပြောထားပါတယ်”ဟု ဒူတာတေးက ဆိုသည်။

“တကယ်လို့ ကာကွယ်ဆေးထိုးနှံမှုခံယူဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင်တော့ အဲဒီလူတွေဟာ ဖိလစ်ပိုင်ရဲ့ ဘယ်နေရာမဆို အသွားအလာ ထိန်းချုပ်ကန့်သတ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအရာရှိတစ်ဦးရဲ့ အမိန့်ကို လိုက် နာဖို့ငြင်းပယ်သူတွေကို ဖမ်းဆီးဖို့လည်း လုပ်ပိုင်ခွင့်ပေးထားပါတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားအများအပြားသည် ကာကွယ်ဆေးထိုးနှံမှုမခံယူသေးသည့် ဖြစ်စဉ်အပေါ် စိတ်ပျက်မိသည်ဟုလည်း ဒူတာတေးက ဆိုသည်။

“ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း၊ ကျွန်တော်တို့ နိုင်ငံနဲ့ ကမ္ဘာကြီးမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ခင်ဗျားသာ ကာကွယ်ဆေးမထိုးဘူးဆိုရင် လူတိုင်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်”ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အစိုးရသည် မနီလာမြို့တော် အပါအဝင် ပြည်နယ်နှင့် မြို့အချို့တွင် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များကို တင်းကျပ်ခဲ့သည်။

ဖိလစ်ပိုင်တွင် ဇန်နဝါရီလအတွင်း နေ့အလိုက် ရောဂါကူးစက်မှုများသည် နှစ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပြီးအလွန်ကူးစက်မြန်သည့် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ ပြည်တွင်းကူးစက်မှုများပါ တွေ့ရှိလာသည့်အတွက် လာမည့်ရက်ပိုင်းအတွင်း ကူးစက်သူ ပိုများလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးပြောကြားခဲ့သည်။

လူဦးရေ ၁၀၉ သန်းကျော်ရှိသည့် ဖိလစ်ပိုင်တွင် ကာကွယ်ဆေးအလုံးရေ ၁၁၂ သန်း ကျော်ထိုးနှံပြီးစီးခဲ့ပြီး နိုင်ငံလူဦးရေ၏ ၄၇.၁ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၅၁.၇ သန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။


READ NEXT
Cancel OK