
ဇန်နဝါရီ ၇ ရက်က ၀ါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များကို ရှင်းလင်းပြောဆိုနေသည့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကို တွေ့ရစဉ် Photo:AP
ရုရှားအစိုးရသည် အနောက်အင်အားစုနှင့် ပြည့်စုံကျယ်ပြန့်သည့် လုံခြုံရေးသဘောတူညီချက် အသစ်တစ်ရပ်ရရှိရန် ကြိုးပမ်းနေမှုနှင့်အတူ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေမှုအပေါ် အမေရိကန်နှင့် ဇန်နဝါရီ ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တော်တွင် တွေ့ဆုံဆွေးနွေးမှုများ စတင်ခဲ့သည်။
သံတမန်ရေးရာ ထိပ်သီးအသင့်ဆွေးနွေးညှိနှိုင်းမှုများကို ယခုုသီတင်းပတ်အတွင်း ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရုရှားသည် နေတိုး၊ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OSCE) တို့နှင့် အစည်းအဝေးများပြုလုပ်သွားမည် ဖြစ်သည်။
ရုရှားသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ယူကရိန်းနယ်စပ်အနီးတွင် သောင်းနှင့်ချီသည့် စစ်သားများကို ဖြန့်ကြက်ချထားခဲ့ကာ နေတိုးကိုလည်း ဆိုဗီယက်ယူနီယံဟောင်းဖြစ်သည့် ယူကရိန်းတွင် စစ်စခန်းများ ထပ်မံမ ဆောက်လုပ်ရန် သို့မဟုတ် အရှေ့ဘက်သို့ စစ်အင်အားချဲ့ထွင်မလာရန် အာမခံချက်များ တောင်းဆိုခဲ့သည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဝင်ဒီရှာမန်က ရုရှားအစိုးရ၏ တောင်းဆိုချက်အများစုမှာ အောင်မြင်ဖွယ်မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည့်တိုင် ဆွေးနွေးပွဲများပြုလုပ်ရန် သဘောတူညီ ခဲ့သည်။
မူလက ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက် တွင်စတင်ရန် စီစဉ်ခဲ့သော်လည်း ရှာမန်သည် ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂေးယာကော့ဘ်နှင့် ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး ညစာစားခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကမူ ရုရှားအစိုးရ၏ တောင်းဆိုမှုများသည် မိမိကိုယ်ကိုယ် သံသယရှိနေသည့် အခြေအနေဖြစ်ကြောင်းပြောကြားခဲ့ပြီး ရုရှားသည် ယူကရိန်းကို စစ်ရေးအရ ခြိမ်း ခြောက်နေသည့် ကာလပတ်လုံး ဆွေးနွေးပွဲများသည် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ရုရှားရဲ့ နောက်ထပ်ကျူးကျော်မှုကို အင်တိုက်အားတိုက်တုံ့ပြန်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ရုရှားဘက်က သံတမန်နည်းလမ်းကို ရွေးချယ်မယ်ဆိုရင်လည်း သံတမန်နည်းအရ အဖြေရှာဖို့ ဖြစ်နိုင်ပါသေးတယ်” ဟု ဘလင်ကင်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဇွန်လအတွင်းက ရုရှားသမ္မတဗလာဒီ မာပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ဂျီနီဗာတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့များကို ဦးဆောင်သည့် ရှာမန်နှင့် ယာကော့ဘ်တို့သည်လည်း တည်ငြိမ်သည့် ဆွေးနွေးပွဲများကို ပြုလုပ်ရန် သဘောတူညီခဲ့သည်။
ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပါက ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု ဘိုင်ဒင်က ပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုတွင် သတိပေးခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို ကျူးကျော်ရန် ပြင်ဆင်နေသည်ဆိုသော ပြောဆိုမှုများကို ပယ်ချထားသည်။
၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူကာ ယူကရိန်းခွဲထွက်ရေး သူပုန်များ၏ လှုပ်ရှားမှုများကို ထောက်ခံအားပေးခဲ့သည်။ ယူကရိန်းစစ်တပ်နှင့် ခွဲထွက်ရေး သူပုန်များအကြား တိုက်ပွဲများဖြစ် ပွားမှုကြောင့် လူ ၁၃,၀၀၀ ကျော် သေဆုံးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်