Top News

ဆန္ဒပြမှုများဖြစ်ပွားနေသည့် ကာဇက်စတန်တွင် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဖမ်းဆီးခံရ
24htopnews | December 6, 2024 9:12 PM CST

နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေရသည့် ကာဇက်စတန်တွင် ၎င်း၏စစ်သားများ ဖြန့်ကြက်ချထားမှုအပေါ် အမေရိကန်၏ ဝေဖန်မှုအား ရုရှားက တုံ့ပြန်နေချိန်တွင် မတည်မငြိမ်ဖြစ်နေသည့် ရက်များအတွင်း ထောက် လှမ်းရေး အကြီးအကဲဟောင်းကို နိုင်ငံတော် သစ္စာဖောက်မှုသံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း ကာဇက်စတန်နိုင်ငံက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ဆိုဗီယက် ယူနီယံဟောင်း ဗဟိုအာရှနိုင်ငံဖြစ်သည့် ကာဇက်စတန်တွင် အာဏာလွန်ဆွဲမှုဖြစ်ပွားနေသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေချိန်တွင် ကာဇက်စတန်ခေါင်း ဆောင်ဟောင်း နျူအာဆူလ်တန် နာဇာဘာ ယက်ဗ်၏ ကာလကြာရှည်မဟာမိတ်ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် ကာရင်မ်မက်စီမော့ဗ်ကို ဖမ်းဆီးသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကာဇက်စတန်၏ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီဖြစ်သည့် အမျိုးသား လုံခြုံရေး ကော်မတီ (KNB) က မက်စီမော့ဗ်အား နိုင်ငံတော်သစ္စာဖောက်မှုသံသယဖြင့် ဇန်နဝါရီ ၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ကြေညာခဲ့သည်။

ကာဇက်စတန်တွင် လောင်စာစျေးနှုန်းများ မြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပွားပြီး ဆူပူအုံကြွမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းတွင် ကာဇက်စတန် သမ္မတ ကက် ဆင်ဂျိုမတ်တိုကာယက်ဗ်က မက်စီမော့ဗ်ကို ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ထို့ပြင် သမ္မတ တိုကာယက်ဗ်သည် ဆန္ဒပြသူများနှင့် ဆွေးနွေးညှိနှိုင်းရန်တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ပစ်မိန့်ပေးထားကြောင်း ဇန်နဝါ ရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားဦးဆောင်သည့် စစ်ဖက်မဟာမိတ်အုပ်စုက ကာဇက်စတန်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ၀ိုင်းဝန်းထိန်းချုပ်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ပေးခဲ့သည့်အတွက်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အထူးကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သကဲ့သို့ လတ်တလော အကြမ်းဖက်မှုများ ဗဟိုပြုဖြစ်ပွားရာ နေရာဖြစ်သည့် မဟာဗျူဟာအရ အချက်အချာကျသော အယ်လ်မာတီမြို့ရှိ ဒေသများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခဲ့ပြီး တစ်ဦးတစ်ယောက်က ချဉ်းကပ်လာလျှင် လေထဲသို့ ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု  င်္ဗဏ သတင်းထောက်တစ်ဦးက ဆိုသည်။

အယ်လ်မာတီမြို့၏ အခြားနေရာများတွင်မူ လူသူကင်းမဲ့ကာ တိတ်ဆိတ်ချောက်ကပ်နေပြီး ဘဏ်များ၊ စူပါမားကတ်နှင့် စားသောက်ဆိုင်များကိုလည်း ပိတ်ထားခဲ့ရသည်။ လက်ရှိဖွင့်ထားသည့် စျေးဆိုင်ငယ်အချို့မှာ စားသောက်ကုန်များ လက်မလည်အောင် ရောင်းချရလျက်ရှိသည်။

ဇန်နဝါရီ ၇ ရက်တွင် အမေရိကန်ပြည်ထောင်စုက အရေးပေါ်တာဝန်မရှိသည့် ၎င်းတို့ကောင်စစ်ဝန်ရုံး အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ကာဇက်စတန် နိုင်ငံထဲမှ ထွက်ခွာခွင့်ပြုခဲ့သည်။

ယခုသီတင်းပတ်အတွင်း တတိယမြောက် ရုပ်သံမိန့်ခွန်းတွင် သမ္မတတိုကာ ယက်ဗ်က တရားဥပဒေစိုးမိုးမှုကို အလုံးစုံနီးပါး ထိန်းထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး အကျပ်အတည်းတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အသီးသီးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်နှင့် ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကို လေးစားရန် အနောက်နိုင်ငံများက တိုက် တွန်းခဲ့သည်။ တရုတ်သမ္မတ ရှီကျင်းပင်ကမူ ဆူပူမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည့် သမ္မတ တိုကာယက်ဗ်ကို ချီးကျူးခဲ့သည်။

                                                           


READ NEXT
Cancel OK