Top News

■ လာလီဂါပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက် 
24htopnews | December 6, 2024 10:12 PM CST

လီဟာနက်စ် - ဆိုစီဒက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၇:၃၀ နာရီ)

ဆိုစီဒက်ရဲ့ အဝေးကွင်းခြေစွမ်းက သိပ်ပြီးတော့ စိတ်မချရသေးဘူး။ လီဟာနက်စ်က အိမ်ကွင်းကစားအားမဆိုးလှတဲ့အပြင် အစဉ်အလာအရလည်း ဆိုစီဒက်ကို အိမ်ကွင်းမှာဆိုရင် ကောင်းကောင်းယှဉ်နိုင်လေ့ရှိတယ်။ အိမ်ကွင်းအားသာချက်ရှိနေတဲ့ လီဟာနက်စ်အနေနဲ့ ဒီပွဲမှာ ဆိုစီဒက်ဆီက အနည်းဆုံးတစ်မှတ်ရအောင်တော့ ယူနိုင်လိမ့်မယ်။ နှစ်သင်းပေါင်း သွင်းဂိုးလည်း နည်းမယ်။ 



ဘီလ်ဘာအို - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၉:၄၅ နာရီ)

နှစ်သင်းစလုံး ခြေမှန်နေတယ်ဆိုပေမဲ့ ဘီလ်ဘာအိုရဲ့ ကစားပုံက ပိုကျစ်လျစ်တယ်။ ဒါ့အပြင် ဘီလ်ဘာအိုက အိမ်ကွင်းအားနဲ့လည်း ကောင်းကောင်း ကစားပြတတ်တယ်။ ဗီလာရီး ယဲလ်ကတော့ တိုက်စစ်ပိုင်းက ကောင်းသလောက် ခံစစ်ပိုင်းကတော့ သိပ်မစွံသေးဘူး။ အဝေးကွင်းမှာလည်း ကစားပုံနည်းနည်း လျော့သွားတတ်လို့ အိမ်ရှင် ဘီလ်ဘာအိုပဲ အနိုင်ရဖို့ များပါလိမ့်မယ်။ 



အိုဆာဆူနာ - အလာဗတ်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၁၂:၀၀ နာရီ)

အလာဗတ်စ်က ဒီရာသီမှာ အဝေးကွင်းတော်တော်လေး အားနည်းတာကို တွေ့ရတယ်။ ကစားပြီးခဲ့တဲ့ လာလီဂါအဝေးကွင်း (၈) ပွဲမှာ (၇) ပွဲအထိ ရှုံးနိမ့်ထားပြီး (၁) ပွဲသာ အနိုင်ရထားတယ်။ အဲဒီအနေအထားတော့ အိမ်ကွင်းမှာ ကစားအားကောင်းလေ့ရှိတဲ့ အိုဆာဆူနာကို ခံကစားပြနိုင်ဖို့ သိပ်မလွယ်လှပါဘူး။ အိမ်ကွင်းအားသာချက်သလို၊ ခြေစွမ်းကောင်းနေတဲ့ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲ ရွေးထားရမယ့်ပွဲပါပဲ။ 



အက်သလက်တီကို - ဆီဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၉ ရက် နံနက် ၂:၃၀ နာရီ)

အက်သလက်တီကိုကတော့ ကစားပုံအရှိန်ပြန်ရနေပါ ပြီ။ နိုင်ပွဲတွေလည်း ဆက်၊ ဂိုးတွေလည်း ပြန်သွင်းနေတဲ့အပြင် ခံစစ်ပါ ပြန်ငြိမ်လာလို့ အားစရာလို့ ပြောနိုင်တယ်။ ဆီဗီလာကတော့ သိပ်မငြိမ်သေးတဲ့အပြင် ကစားရမှာကလည်း အက်သလက်တီကိုရဲ့ ကွင်းမှာဆိုတော့ မျှော်လင့်စရာ သိပ်မကောင်းတာတော့ အမှန်ပဲ။ အက်သလက်တီကိုနဲ့ ဂိုးအနည်းကို ရွေးထားသင့်တဲ့ပွဲလို့ ထင်တယ်။ 


READ NEXT
Cancel OK