Top News

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
24htopnews | December 6, 2024 10:12 PM CST

ဖူလ်ဟမ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၈:၃၀ နာရီ)

အာဆင်နယ်က ဒီပွဲမတိုင်ခင် ယူနိုက်တက်နဲ့ ကစားထားရတယ်။ အခုပွဲမှာတော့ အဝေးကွင်းပွဲဆိုပေမယ့် လန်ဒန်မြို့ခံပြိုင်ဘက်နဲ့ပဲ ကစားရမှာဖြစ်ပြီး ကောင်းကောင်းအနားရထားမယ့် ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်။ လက်ရှိအခြေအနေအရေ ဖူလ်ဟမ်ကလည်း အကောင်းဆုံးအခြေအနေမှာ ရှိမနေတာကို တွေ့ရတယ်။ ဖူလ်ဟမ်ကအိမ်ကွင်းမှာ သရေခံကစားဖို့ ကြိုးစားမှာဖြစ်ပေမယ့် အာဆင်နယ်ပဲ နိုင်လိမ့်မယ်။ 



အစ်ဝှစ်ချ် - ဘုန်းမောက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၈:၃၀ နာရီ)

အစ်ဝစ်ချ်ရဲ့ လက်ရှိ ခြေစွမ်းက သိသိသာသာတိုးတက်လာတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ဒီလပ်၊ ဟတ်ချင်ဆန်တို့ ခြေစွမ်းပြကစားနေကြပြီး ဘုန်းမောက်ကတော့  အထင်ကြီးလောက်စရာ ဖြတ်သန်းမှုနဲ့အသင်းကောင်းတစ်သင်းဖြစ်တယ်။ အစ်ဝစ်ချ်ရဲ့ အိမ်ကွင်းရလဒ်တွေက မဆိုးဘူးလို့တော့ ပြောရမယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရတော့ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။ 



လက်စတာ - ဘရိုက်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၈:၃၀ နာရီ)

နစ္စတယ်ရွိုင်းရဲ့လက်စတာနည်းပြဘဝ ပထမဆုံးပွဲမှာ ဝက်စ်ဟမ်းအသင်းကို ဂိုးပြတ် အနိုင်ရခဲ့တယ်။ ဘရိုက်တန်က နစ္စတယ်ရွိုင်းအတွက် စိန်ခေါ်မှု ဖြစ်လာမှာပါ။ ဘရိုက်တန်က ခြေစွမ်း၊ ရလဒ်၊ ကစားဟန် အကုန်လုံးမှာ နောက်ထပ်အဆင့်တစ်ဆင့်ရောက်နေတဲ့ အသင်းမျိုးဖြစ်ပြီး လက်စတာရဲ့ တောင်ပံတိုက်စစ်တွေအလုပ်လုပ်ပုံကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့အသင်းလည်းဖြစ်တယ်။ ဘရိုက်တန်ကို ကြိုက်တယ်။ 



စပါး - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် ည ၁၀:၃၀ နာရီ)

စပါးအသင်းရဲ့ခြေစွမ်းက တော်တော်လေး မှန်းဆရခက်တယ်။ ပုံစံကောင်းပြတဲ့ အချိန်တွေမှာ အသင်းတိုင်းကို ဒုက္ခပေးနိုင်ပြီး တစ်ခါတလေတော့လည်း အခွင့်အရေးဖြုန်းတီးမှုတွေနဲ့ ရုန်းကန်နေရတတ်တယ်။ နောက်တစ်ချက်က စပါးရဲ့ အသက်သွေးကြောက ကူလူဆက်ဗ်စကီးနဲ့ ဂျိမ်းစ်မတ်ဒီဆန်ဖြစ်ပြီး ဒီကစားသမားတွေကို ထိန်းချုပ်နိုင်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြစ်စေ၊ သူတို့ လူမစုံရင်ဖြစ်စေ စပါးတိုက်စစ်က သာမန်အဆင့်ကို ရောက်သွားတတ်တယ်။ ဒရာဂူဆင်၊ ဘင်ဒေးဗီးစ်တို့လို ကစားသမားတွေနဲ့ နီကိုလက်စ်ဂျက်ဆင်နဲ့အတူ အတွဲမိနေတဲ့ ချယ်လ်ဆီးကို စပါး ထိန်းချုပ်ဖို့လည်း ခက်တယ်။ လက်ရှိအချိန်မှာ ချယ်လ်ဆီးက ခြေစွမ်းရော၊ ယုံကြည်မှုပါ အမြင့်ဆုံးရောက်ရှိနေချိန်ဖြစ်ပြီး စပါးကတော့ ခြေစွမ်းမတည်ငြိမ်တဲ့အနေအထားလည်းဖြစ်လို့ ချယ်လ်ဆီးကို ပိုကြိုက်မိတယ်။ 


READ NEXT
Cancel OK