လေဗာကူဆင် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်း ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပြန်ဆက်လာနိုင်ပြီး ဂျာမန်ဖလားမှာ အဓိကပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကို ဖြုတ်ချနိုင်ခဲ့တာက အသင်းစိတ်ဓာတ်ပိုင်းပါ အတော်လေး ပြောင်းလဲသွားနိုင်တယ်။ တန်းတက်ကလပ် ဆန့်ပေါ်လီအသင်းကလည်း လတ်တလောအခြေအနေအရ ရလဒ်တွေကောင်းလာတယ်လို့ ပြောရမယ်။ ကစားသမားပိုင်းကွာလို့ လေဗာကူဆင် ဂိုးပြတ်ဖို့များတယ်။
ဘိုင်ယန်မြူးနစ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်၊ လေဗာကူဆင်တို့နဲ့ ပွဲကျပ်ကစားရချိန်မှာ ပြိုင်ပွဲစုံ(၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတယ်။ ဒေါ့မွန်နဲ့ပွဲမှာ တိုက်စစ်မှူး ဟာရီကိန်း ဒဏ်ရာရခဲ့တာ၊ လေဗာကူဆင်နဲ့ပွဲမှာ ဂိုးသမား နွိုင်ယာ (၁၇)မိနစ်မှာပဲ အထုတ်ခံခဲ့ရတာတွေကိုတော့ ထည့်စဉ်းစားဖို့လိုတယ်။ ဒီပွဲမှာလည်း ဟာရီကိန်း ပါဝင်ဖို့မရှိသေးပေမဲ့ ကျန်တဲ့တိုက်စစ်ကစားသမားတွေက အရည်အချင်းရှိသူတွေဖြစ်လို့ ဆိုးဆိုးရွားရွား တော့ မဖြစ်လောက်ပါဘူး။ ဟိုင်းဟိုင်ကလည်း နိုင်ပွဲပျောက်နေတာ အတော်ကြာပြီး ရှုံးပွဲပါ ဆက်လာတယ်။ ဘိုင်ယန်အသင်း (၃)ဂိုးလောက် ပြတ်လိမ့်မယ်။
ဖရန့်ဖတ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်အသင်းကလည်း ရလဒ်ကောင်းလာပေမဲ့ ဖရန့်ဖတ်ရဲ့လက်ရှိ Rhythm ကို ထိန်းချုပ်ဖို့ခက်မယ်။ ဖရန့်ဖတ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
ဘိုဟုမ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၉:၀၀ နာရီ)
ဇယားအောက်ဆုံးရောက် ဘိုဟုမ်အသင်း နောက်ဆုံးကစားတဲ့ အိမ်ကွင်းပွဲမှာ လေဗာကူဆင်ကို သရေကစားနိုင်ခဲ့တယ်။ ဘိုဟုမ် အမှတ်ရနိုင်ခြေရှိတယ်။
ဟော်စတိုင်ကီလ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၉:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းမှာတော့ ဝုလ်ဖ်ဘတ်ကို ဂိုးပြတ်ရှုံးလောက်တဲ့အထိ ဖြစ်လာခဲ့တယ်။ ဟော်စတိုင်ကီလ်ကလည်း အခြေအနေမကောင်းပါဘူး။ လိုက်ပ်ဇစ် နိုင်ပွဲပြန်ရမယ်ထင်တယ်။
မိုချန်ဂလာဘတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၁၂:၀၀ နာရီ)
လတ်တလော ဒေါ့မွန်အသင်းရဲ့ ဘွန်ဒစ်လီဂါအဝေးကွင်း Form ကပဲ စကားပြောသွားမယ်ထင်တယ်။ နောက်ဆုံး(၇)ပွဲ စလုံး နိုင်ပွဲမရှိခဲ့ဘဲ (၄)ပွဲဆက် အရေးနိမ့်ထားခဲ့တယ်။ မိုချန်ဂလာဘတ် အမှတ်ရနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
