ဂျီနိုအာ - တိုရီနို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၈:၃၀ နာရီ)
ဒီနှစ်သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲ က (၂)သင်းပေါင်းသွင်းဂိုး (၁)ဂိုးနဲ့အောက်ပဲ ရှိခဲ့တယ်။ တိုရီနိုကတော့ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပြီး ရှုံးပွဲတွေများနေတယ်။ အိမ်ရှင်အားသာချက်ရှိတဲ့ ဂျီနိုအာကို ကြိုက်တယ်။
ဂျူဗင်တပ်စ် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၇ ရက် ည ၁၁:၃၀ နာရီ)
နည်းပြ မော့တာရဲ့ ဂျူဗင်တပ်စ်က ရှုံးပွဲမရှိသေးဘူးဆိုပေမဲ့ သရေပွဲတွေအရမ်းများနေတယ်။ ကာဂလီယာရီ၊ ပါးမား၊ လက်ချီတို့လို အသင်းတွေကို အနိုင်မကစားနိုင်ခဲ့ဘူး။ ဘိုလော့ဂ်နာကလည်း နိုင်ပွဲတွေ ပြန်ရနေတယ်ဆိုပေမဲ့ ထိပ်သီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေဆို ရုန်းကန်ရလေ့ရှိတဲ့အသင်းပါ။ ဂျူဗင်တပ်စ် အိမ်ကွင်းမှာ နိုင်ပွဲပြန်ရလိမ့်မယ်။ (၂-၀၊ ၃-၁)ရလဒ်တွေ ဖြစ်နိုင် တယ်။
ရိုးမား - လက်ချီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၈ ရက် နံနက် ၂:၁၅ နာရီ)
ရိုးမားက အရမ်းစိတ်ပျက်စရာကောင်းနေပြီး စီးရီးအေ နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ ယုံကြည်မှုပျောက်ဆုံးနေသလိုဖြစ်နေတာကိုလည်း တွေ့ရတယ်။ လက်ချီကတော့ နောက်ပိုင်းပွဲတွေမှာ တည်ငြိမ်တဲ့ ပုံစံပြနေတယ်။ ရိုးမားသရေလောက်ပဲ ရမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
