နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်၏ လျော်ကြေးစာချုပ်မှာ လာမည့်နွေရာသီတွင် ယူရိုသန်း(၇၀)သို့ လျော့ကျသွားမည်ဖြစ်ကြောင်း အီတလီမီဒီယာတစ်ခုဖြစ်သည့် Tuttomercato က ဖော်ပြခဲ့သည်။
အိုဆင်မန်(၂၅ နှစ်)သည် လက်ရှိအချိန်တွင် တူရကီကလပ် ဂါလာတာစာရေးအသင်းထံ အငှားသွားရောက်ကစားနေပြီး ယင်းအသင်းတွင် ခြေစွမ်း ပြနေသည့်အတွက် ဥရောပထိပ်သီးအသင်းများက ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။
အိုဆင်မန်သည် နာပိုလီအသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါသဘောတူညီမှုအရ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းမှ ထွက်ခွာမည်ဆိုပါက ခေါ်ယူမည့်အသင်းအနေဖြင့် လျော်ကြေးအဖြစ် ယူရိုသန်း(၈၀)ပေးရမည်ဖြစ်ပြီး နွေရာသီမှ ခေါ်ယူမည်ဆိုပါက လျော်ကြေးယူရို သန်း(၇၀)သာ ပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နာပိုလီအသင်းသည် ၎င်းကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းထုတ်ရန် လိုလားနေကြောင်း သိရသည်။
လက်ရှိအချိန်၌ အိုဆင်မန်ကို ခေါ်ယူရန် PSG နှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေပြီး PSG အသင်းက ဇန်နဝါရီတွင် ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
