■ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ အကောင်းဆုံးဆုံးဖြတ်ချက်ဟု ဟာဗက်ဇ် ဆို
24htopnews | December 6, 2024 10:12 PM CST
အာဆင်နယ်အသင်း၏ ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်က ချယ်လ်ဆီးမှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ကစားသမားဘဝတွင် အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟာဗက်ဇ်သည် ၂၀၂၃ နွေရာသီတွင် ချယ်လ်ဆီးအသင်းမှာ အာဆင်နယ်အသင်းထံသို့ ပေါင် (၆၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၎င်းသည် လက်ရှိအချိန်တွင် အာဆင်နယ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် ၎င်းက "အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တာက ကျွန်တော် အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တာပါ။ အားလုံးက ကျွန်တော့်ကို ၀ိုင်းဝန်းကူညီခဲ့ကြပြီး ကျွန်တော် အရမ်းပျော်ရွှင်ရပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဟာဗက်ဇ်သည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၂၀) တွင် (၉) ဂိုး သွင်းယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
