■ ရာဖင်ညာကို မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရန် အယ်လ်အစ်တီဟတ် စီစဉ်
24htopnews | December 6, 2024 10:12 PM CST
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ဘာစီလိုနာအသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ရာဖင်ညာ(၂၇ နှစ်)သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကစားလျက်ရှိသည်။
သို့သော် ဘာစီလိုနာအသင်းက ငွေကြေးလိုအပ်ချက် ရှိနေသည့်အတွက် ၎င်းကို ရောင်းထုတ်ရန် လိုလားနေကြောင်း သတင်းထွက်နေသည်။
ဆော်ဒီကလပ်အသင်းများသည် ၎င်းကို ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အယ်လ်အစ်တီဟတ်အသင်းက ဘာစီလိုနာအသင်းရော ရာဖင်ညာပါ ငြင်းပယ်ရခက်စေမည့် ငွေကြေးပမာဏဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
