ပုံမှန်လစာရရှိသူများနှင့် အခြားဝင်ငွေ ရရှိသူများ တစ်နှစ်အတွင်း ဒေါ်လာငါးသောင်း နှင့်အထက် လွှဲပို့ပါက စုစုပေါင်း လွှဲပို့ငွေ၏ ငါးရာခိုင်နှုန်းနှင့် ညီမျှသည့် လျှပ်စစ်ကားနှင့် လျှပ်စစ်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် အသိပေး ကြေညာချက်နှင့် ပတ်သက်ပြီး သက်ဆိုင်အကျုံးဝင်သူများ ရှင်း လင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန် ရည်ရွယ်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသား များက မိမိတို့ရရှိသည့်လစာငွေ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ဘဏ်လမ်း ကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တစ်ရပ်အနေဖြင့်လျှပ်စစ်သုံး မော်တော်ယာဉ်/ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်တင်သွင်းခွင့်ပါမစ်များ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခွင့်ပြုရာတွင် ပုံမှန်လစာရရှိသူ များ(သင်္ဘောသားများအပါအဝင်) နှင့်အခြား ဝင်ငွေရရှိသူများသည်တစ်နှစ်အတွင်း အမေရိ ကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ငါးရာခိုင်နှုန်း တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံး မော်တော်ယာဉ်/လျှပ် စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ် စီးနှုန်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
သတ်မှတ်ချက်တွင် အကျုံးဝင်သူများအ နေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ် သုံးမော်တော်ဆိုင်ကယ ်တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကို လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင် သွင်းရန် ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပုံမှန် လစာရရှိသူ များ (သင်္ဘောသားများအပါအဝင်) တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့်အ ထက်လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုး နှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပုံမှန်လစာရရှိသူများမှအပ အ ခြားဝင်ငွေရရှိသူများ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်းတင်သွင်းခွင့်ပြုမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
