ဂျူဗင်တပ်စ်အသင်းနှင့် ကစားခဲ့သည့်ပွဲ ပထမပိုင်းအပြီးတွင် အသင်းကစားပုံကြောင့် မိမိအရှက်ရမိသည်ဟု ကစားသမားအား ပြောကြားခဲ့ကြောင်း မော်ရင်ဟိုက ပွဲအပြီးတွင် ဝန်ခံခဲ့သည်။
ရိုးမားအသင်းသည် ယင်းပွဲတွင် ပွဲအစ (၁)မိနစ် (၁၆)စက္ကန့်မှာပင် ဂျူဗင်တပ်စ်တိုက်စစ်မှူး ဗလာဟိုဗစ်၏ Free Kick ကြောင့် ဦးဆောင်ဂိုးပေးခဲ့ရသည်။ ယင်းနောက်တွင် ပထမပိုင်းတစ်ပိုင်းလုံး အိမ်ရှင်အသင်းကို တုံ့ပြန်နိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းရောက်မှ ဒီဘားလား၏ နောက်ပြန်ကန်ချက်ဖြင့် ဖန်တီးပေးမှုကို အေဘရာဟမ်က ခေါင်းတိုက်ကာ ချေပဂိုးပြန်သွင်းခဲ့ခြင်းဖြစ်သည်။
"ပထမပိုင်းမှာ ကျွန်တော်တို့ မယုံကြည်လောက်အောင် ကံကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပိုပြီးလုပ်ကိုင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ အသင်းကစားသမားတွေကို သူတို့ကြောင့် ကျွန်တော် အရှက်ရမိတယ်လို့ ပြောခဲ့တယ်။ ဒါက နည်းစနစ်ပိုင်းကိစ္စ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းပါပဲ။ ဒီလိုပုံစံမျိုးနဲ့ လာပြီးမကစားသင့်ပါဘူး။ အရန်ခုံတန်းမှာ ဆယ်လ်ဗာတိုရေးကို (ဝ-၁)ဂိုးနဲ့ ရှုံးဖို့သာ ဆုတောင်းဖို့ပဲရှိတော့တယ်လို့ ပြောနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပထမပိုင်းစွမ်းဆောင်ရည်နဲ့ (ဝ-၁)ဂိုး ရှုံးနေတာဟာ အံ့အားသင့်စရာကောင်းတဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ အရမ်းကံကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဇာနီယိုလို၊ ဝိုင်နယ်လ်ဒမ်းတို့ ဒဏ်ရာရနေလို့ အပြောင်းအလဲသိပ်မလုပ်နိုင်ပေမဲ့ ဒုတိယပိုင်းမှာတော့ ကွဲပြားခြားနားတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းကို ကျွန်တော် သုံးသပ်ရရင်တော့ (၁-ဝ)ရလဒ်ဟာ ထိုက်တန်ပါတယ်။ ပထမပိုင်းကတော့ အလွန်အမင်း ဆိုးရွားပါတယ်" ဟု မော်ရင်ဟိုက DAZN သို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
