ဆီဗီလာအသင်းသည် ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ် (၃)တွင် တန်းတက်အယ်မယ်ရီယာအသင်းအား (၁-၂)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ရာသီအဖွင့် (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခြင်းဖြစ်ခဲ့ပြီး ၁၉၉၆-၉၇ ရာသီနောက်ပိုင်း အသင်း၏အဆိုးရွားဆုံး လာလီဂါရာသီအဖွင့်မှတ်တမ်းဖြစ်ခဲ့ကြောင်းသိရသည်။
ဆီဗီလာအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ပွဲစဉ် (၁)၌ အိုဆာအူနာအသင်းအား (၁-၂)ဂိုးဖြင့်ရှုံး နိမ့်ခဲ့သလို၊ ပွဲစဉ် (၂)တွင် ဗယ်လာဒိုလစ်အသင်းနှင့် (၁-၁)ဂိုးသရေရလဒ် ကိုသာရရှိခဲ့သည်။ ထို့ကြောင့် ယခုပွဲစဉ် (၃)တွင် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပြီးနောက် နှစ်ပေါင်း (၂၆)နှစ်ကျော်ကာလအတွင်း အသင်း၏ အဆိုးရွားဆုံး လာလီဂါရာသီ အဖွင့်မှတ်တမ်းကိုပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဆီဗီလာအသင်းသည် ၁၉၉၆-၉၇ ရာသီတွင် ရာသီအဖွင့်ပွဲစဉ် (၃)ပွဲကစားပြီးချိန်၌ (၁)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်ကိုရရှိခဲ့ခြင်းဖြစ်ပြီး၊ ယခုရာသီတွင်မူ နိုင်ပွဲပင်မရရှိသေးရာ အသင်း၏ အဆိုးရွားဆုံးသော ရာသီအဖွင့်မှတ်တမ်းသစ်ဖြစ်လာခဲ့ကြောင်းသိရသည်။
ထို့ပြင် ဆီဗီလာအသင်းသည် အဆိုပါ ၁၉၉၆-၉၇ ရာသီတွင် ရာသီကုန်ဆုံးချိန်၌ အဆင့် (၂၀)နေရာသာ ရရှိခဲ့ပြီး ဆီဂန်ဒါပြိုင်ပွဲသို့ တန်းဆင်းယှဉ်ပြိုင်ခဲ့ရရာ ယခုရာသီတွင်လည်း ယင်းကဲ့သို့ အခြေအနေဆိုးမျိုး ထပ်မံမကြုံတွေ့စေရန်အတွက် လမ်းကြောင်းမှန်ပေါ် အ မြန်ဆုံးပြန်လည်တက်လှမ်းနိုင်ရန် လိုအပ်ကြောင်း စပိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။
ဆီဗီလာအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ အဓိကနောက်ခံလူ (၂)ဦးဖြစ်သည့်ဒီယေဂိုကားလို့စ်နှင့် ခွန်ဒဲတို့အား တစ်ပြိုင်နက်ဆုံးရှုံးခဲ့ရသလို၊ အသင်းအနေဖြင့် ခံစစ်ပိုင်းအတွက် ထိုက်သင့်သည့် အစားထိုးမှုများ ပြန်လည်ပြုလုပ်နိုင်ခြင်း မရှိသည့်အတွက် ပရိသတ်များ၏ဝေဖန်မှုကို ခံနေရကြောင်းသိရသည်။ ဆီဗီလာအသင်းသည် လာမည့် လာလီဂါပွဲစဉ် (၄)တွင် ဘာစီလိုနာအသင်းအား အိမ်ကွင်းတွင်လက်ခံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
