Top News

မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အသင်းတိုက်စစ်မှူး အိုဆင်မန်တို့အကြား အပြောင်းအရွှေ့အလဲအထပ် ဖြစ်လာမည်မဟုတ်ဟု စပယ်လက်တီ အတည်ပြု
24htopnews | December 7, 2024 5:12 AM CST

လက်ရှိအချိန်တွင် မန်ယူအသင်းနှင့် မိမိတို့အကြား အပြောင်းအရွှေ့ကိစ္စအတွက် ဆက်သွယ်ဆွေးနွေးမှုမရှိကြောင်းနှင့် အကယ်၍ ရှိလာခဲ့လျှင်လည်း မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် အသင်းတိုက်စစ်မှူး အိုဆင်မန်တို့၏အလဲအထပ် ဖြစ်လာလိမ့်မည်မဟုတ်ဟု နာပိုလီအသင်းနည်းပြ စပယ်လက်တီက အတည်ပြုပြောကြားခဲ့သည်။

အိုဆင်မန်သည် မန်ယူအသင်းသို့ ယူရိုသန်း(၁၀၀)ဖြင့် ပြောင်းရွှေ့ ပြီး စီရော်နယ်လ်ဒိုမှာ နာပိုလီအသင်းသို့ အငှားလာကစားကာ သူ၏လစာငွေကို နာပိုလီအသင်းက ပေးချေရမည်ဖြစ်ကြောင်း အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။

"ရော်နယ်လ်ဒိုနဲ့ အလုပ်တွဲလုပ်ရမှာကို ကြိုက်သလားလို့ မေးလာခဲ့ရင်  မကြိုက်ဘူးလို့ပြောမယ့် နည်းပြမရှိဘူးလို့ပဲ ကျွန်တော် ပြောရမယ်။ အိုဆင်မန်ရဲ့အေးဂျင့်ကလည်း ဘာဆွေးနွေးမှုမှ မရှိဘူးလို့ ပြောထားပါတယ်။ ဒီလော်ရန်းတစ်(အသင်းဥက္ကဋ္ဌ)နဲ့ တွေ့ ဆုံရာမှာလည်း သူက ကျွန်တော့်ကို ဘာကမ်းလှမ်းမှုမှမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေကို လက်တွေ့ကျကျပဲ ဒီနေရာမှာ စဉ်းစားကြည့်ရအောင်ပါ။ အပြောင်းအရွှေ့ ကာလပိတ်ဖို့က ရက်အနည်းငယ်ပဲ လိုပါတော့တယ်။ ဒါက လုံးဝဖြစ်နိုင်ခြေမရှိဘူးလို့ ထင်ရပါတယ်။ လက်ရှိ အခိုက်အတန့်မှာတော့ ဘာဆွေးနွေးမှုမှ မရှိပါဘူး။ အလဲအထပ်လုပ်ဖို့က မဖြစ်နိုင်ပါဘူး။ အိုဆင်မန်ဟာ နာပိုလီအသင်းမှာ ဦးစီးဦးဆောင်ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့လို အရည်အသွေးမြင့်ကစားသမားကို ပိုင်ဆိုင်ထားတာဟာ မန်ချက်စတာယူနိုက်တက်အပါအဝင် ကမ္ဘာတစ်ဝန်းက ချမ်းသာတဲ့ပိုင်ရှင်တချို့က ဝယ်ယူမယ့်အန္တရာယ် အမြဲရှိပါတယ်" ဟု စပယ်လက်တီက ပြောကြားခဲ့သည်။


READ NEXT
Cancel OK