မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲဆက်တိုက် နောက်မှလိုက်ကစားခဲ့ရသည့်အတွက် ကစားသမားများကို သတိပေးခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် တစ်ပတ်က နယူးကာဆယ်အသင်းနှင့် (၃-၃)ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် (၁-၃)ဂိုးဖြင့် ရှုံးနိမ့်နေသည့် အနေအထားမှ ချေပဂိုး(၂)ဂိုးပြန်သွင်းကာ တစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ်တွင်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီးမှ (၄)ဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂွါဒီယိုလာက မန်စီးတီးကစားသမားများအနေဖြင့် စွန့်စားလွန်းရာကျနေပြီး အရှုံးမှ ပြန်လာနိုင်မည်ဟု အမြဲတွက်ထား၍ မရနိုင်ကြောင်း သတိပေးခဲ့ ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာက ဂိုးတွေအများကြီးပေးနေရတာပါပဲ။ ကျွန်တော်တို့ စွန့်စားမှုတွေအများကြီးနဲ့ ကစားနေတာဖြစ်ပြီး တစ်နေ့မှာ ပြန်မလာနိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့(ပဲလေ့စ်နှင့်ပွဲ) ကျွန်တော်တို့ ကံကောင်းလို့ ပြန်လာနိုင်တာပါ။ ဒီနိုင်ပွဲကနေ သင်ခန်းစာယူနိုင်ဖို့ အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။
ဂွါဒီယိုလာက တိုက်စစ်မှူး ဟော်လန်းကိုမူ ချီးကျူးခဲ့ပြီး ၎င်းလို အရည်အသွေးရှိသည့်ကစားသမား ဟက်ထရစ်သွင်းယူနိုင်ခြင်းမှာ အံ့အားသင့်စရာမရှိဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
