ဆေးဝါးများ၊ အားဆေးများနှင့်စပ်လျဉ်း ၍ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းနှင့် CMP ပစ္စည်းများတင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင်များအတွက် ဖြေလျှော့မှုများ ဧပြီ ၉ ရက်အထိ ယာယီခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထား သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် သွင်းကုန်ပို့ကုန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဥပဒေများအရလည်း ကောင်း၊ မူဝါဒများအရလည်းကောင်း လိုင်စင် စနစ်ဖြင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ WTO Import Licensing Procedures Agreement နှင့်အညီ ဖြစ်စေရေးအတွက် ပို့ကုန်၊ သွင်းကုန်များအတွက် လိုင်စင်လျှောက် ထားရန်လိုသည့် ကုန်စည်စာရင်းများကို အ မိန့်ကြော်ငြာစာအသီးသီးဖြင့် ထုတ်ပြန်ထား ပြီး အဆိုပါကုန်စည်များနှင့်စပ်လျဉ်း၍ သက် ဆိုင်ရာဌာန၊ အသင်းအဖွဲ့များ၏ ထောက်ခံ ချက်များဖြင့် လိုင်စင်ခွင့်ပြုပေးလျက်ရှိသည်။
သို့ရာတွင် လတ်တလောအခြေအနေ များအရ သွင်းကုန်လုပ်ငန်းရှင်များ၏ လိုင်စင် လျှောက်ထားမှုလုပ်ငန်းစဉ်များ လျင်မြန်ချော မွေ့စေရေးအတွက် သက်ဆိုင်ရာဌာန၊ အ သင်းအဖွဲ့များ၏ အသိအမှတ်ပြုလက်မှတ် သက်တမ်းကိစ္စနှင့် ထောက်ခံချက်ကိစ္စတို့ အား ယာယီအားဖြင့် ဖြေလျှော့ခွင့်ပြုသွားမည် ဖြစ်သည်။
ဆေးဝါးများ၊ အားဆေးများနှင့်စပ်လျဉ်း ၍ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် အ စားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) မှ ထုတ်ပေးသည့် ဆေးဝါးတင် သွင်းခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် (Drug Impotation Approval Certificate – DIAC) နှင့် ဆေးဝါးမှတ်ပုံတင်လက် မှတ် (Drug Registration Certificate DRC) ၏ သက်တမ်းကုန်သည့်ကိစ္စရပ်များ အတွက် DIAC နှင့် DRC ရရှိထားပြီး ယခင် တင်သွင်းလျက်ရှိသော ဆေးဝါးများဖြစ်ပါက အဆိုပါမှတ်ပုံတင်လက်မှတ်တို့၏ သက်တမ်း များကုန်ဆုံးသည့်တိုင် သွင်းကုန်လိုင်စင် ခွင့် ပြုပေးခြင်းနှင့် CMP ပစ္စည်းများ တင်သွင်း ခြင်းအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ရှင်များအသင်း (MGMA) ၏ ထောက်ခံချက် မပါရှိဘဲ သွင်းကုန်လိုင်စင်ခွင့်ပြုပေးခြင်းတို့ အတွက် အထောက်အထားများနှင့်စပ်လျဉ်း သည့် ဖြေလျှော့ခွင့်ပြုခြင်းကို မတ် ၈ ရက်မှ ဧပြီ ၉ ရက်အထိ ယာယီခွင့်ပြုသွားမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန် ထားသည်။
ပို့ကုန်ကုန်စည်လိုင်း ၃၇ လိုင်းနှင့် သွင်း ကုန် ကုန်စည် ၇၂ လိုင်းကို လိုင်စင်လျှောက် ထားခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းကို မတ် ၈ ရက်မှ ဧပြီ ၉ ရက်အထိ ယာယီခွင့်ပြုမည်ဖြစ် ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင် ့သွင်းကုန်ပို့ကုန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဥပဒေများအရလည်း ကောင်း၊ မူဝါဒများအရလည်းကောင်း၊ လိုင် စင်စနစ်ဖြင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိ ရာ WTO Import Licensing Procedures Agreement နှင့်အညီဖြစ်စေရေးအတွက် လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည် လိုင်များစွာကို ဖြေလျှော့၍ ပို့ကုန်အတွက် လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည် ၁၂၂၄ လိုင်းစာရင်းကို အမိန့်ကြော်ငြာစာအ မှတ် (၅၁/၂၀၂၀) ဖြင့်လည်းကောင်း၊ သွင်း ကုန်အတွက် လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည် ၃၉၃၁ လိုင်းစာရင်းကို အမိန့်ကြော် ငြာစာအမှတ် ၆၈/၂၀၂၀ ဖြင့်လည်းကောင်း ထုတ်ပြန်ဆောင်ရွက်ထားသည်။
သို့ရာတွင် လတ်တလောအခြေအနေ များအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များမှ လုပ်ငန်းပိုမိုအဆင်ပြေစေရန်အတွက်လည်း ကောင်း၊ သွင်းကုန်လိုင်စင်ကြေးပေးသွင်းမှု သက်သာစေရန်အတွက်လည်းကောင်း လိုင် စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်း များအနက် အဓိကတင်သွင်းနေရသည့် ကုန် စည်များ၊ ကျန်းမာရေးကဏ္ဍကို အထောက်အ ကူပြုစေမည့်ပစ္စည်းများ၊ အခြေခံစားကုန်များ ကိုလည်းကောင်း၊ ပြည်ပတင်ပို့မှုကဏ္ဍကို အ ထောက်အပံ့ပြုစေရန်အတွက် အဓိကတင်ပို့ နေသည့် စိုက်ပျိုးရေးထုတ်ကုန်များကိုလည်း ကောင်း လိုင်စင်လျှောက်ထားမှုလုပ်ငန်းစဉ် အား ယာယီဖြေလျှော့ခွင့်ပြုသွားမည်ဖြစ် သည်။
ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် ပို့ကုန် ကုန်စည်လိုင်း ၃၇ လိုင်းနှင့် သွင်းကုန်စည် ၇၂ လိုင်းကို လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုလိုက်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
