ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်တွင် ကိုးရက်အတွင်း ဖမ်းဆီးခံရသူ ၂၅ ဦးခန့်ရှိပြီး ပြည်အကျဉ်းထောင်တွင် ရောက်ရှိနေသူ ၁၉ ဦးကို အကူညီပေးနိုင်ရန် လူငယ်ရှေ့နေအဖွဲ့က ကြိုးစားနေကြောင်း သိရသည်။
ပြည်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ ပြည်တက္ကသိုလ်ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရော်ဘာကျည်များ၊ အသံဗုံးများနှင့် ပစ်ခတ်လူစုခွဲခဲ့ပြီး သေနတ်ဒဏ်ရာ ရသူများနှင့် ဖမ်းဆီးခံရသူ ကိုးဦးရှိခဲ့ပြီး နောက်ရက်များတွင်လည်း နေ့စဉ်ဆိုသလို လူစုခွဲရန်ကြိုးပမ်းမှု၊ ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“ပြည်မြို့နယ်အနေနဲ့က ဆယ့်ကိုးဦး ရှိပါတယ်။ အခြားမြို့နယ်တွေမှာလည်း ရှိနေတယ်။ မရောက်တဲ့ သူတွေလည်း ရှိနေတယ်။ အခုကတော့ ထောင်ကြီးချုပ် ရောက်သူတွေကို ပါ၀ါယူပြီးနေပြီ။ မရောက်သေးတဲ့သူတွေအတွက် စုံစမ်းနေပြီး ဘာအမှုနဲ့ ဖွင့်ထားလဲ၊ ဘယ်သူက တရားလိုလဲ၊ ဘယ်တော့ရုံးထုတ်မ လဲ အဲဒါတွေကို စုံစမ်းနေတယ်။ ရဲစခန်းတွေ ကို စုံစမ်းနေတယ်။ အဲဒါတွေပြီးရင်း ထောင် ကြီးချုပ်မှာ ပါ၀ါယူမယ်။ အဲဒါတွေကို လုပ်နေပါတယ်။ အချို့တွေလည်း ဆက်သွယ်လာတာ ရှိတယ်။ ချိတ်ဆက်ပြီး လက်ခံနေတယ်။ ကျွန်မတို့ကတော့ လာအကူညီတောင်းသူတွေကို ပိုက်ဆံမယူဘဲ အခမဲ့ အကူညီပေးနေမှာပါ” ဟု အကူအညီပေးနေသည့် တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဖမ်းဆီးခံရသူများထံတွင် DVB ပြည်မြို့ခံ သတင်းထောက်တစ်ဦးလည်း ပါဝင်ပြီး မြေလတ်သတင်းဌာနမှ သတင်းထောက် တစ်ဦးမှာလည်း ရော်ဘာကျည် ထိမှန်မှုကြောင့် ဆေးကုသမှုခံနေရပြီး ဖမ်းဆီးခံရသူ အများစုမှာ ကျောင်းသားကျောင်းသူများဖြစ်ကာ မြို့ခံများနှင့် အသက်မပြည့်သေးသည့် လူငယ်များလည်း ပါဝင်နေကြောင်း အကူညီပေးနေသူများက ပြောကြားသည်။
မတ် ၈ ရက် နံနက်ပိုင်းကလည်း ဆန္ဒထုတ်ဖော်ရန် ထွက်လာသည့် ကျောင်းသားများနှင့်အဖွဲ့အား ဆင်စုရပ်ကွက်၊ ကသည်းစျေးအနီးတွင် ပစ်ခတ်ဖမ်းဆီးမှုကြောင့် မိန်းကလေးနှစ်ဦး အပါအဝင် ငါးဦးခန့် ဖမ်းဆီးခံရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုပြီး အခြားအဖွဲ့များကလည်း ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
