Top News

မြန်မာနိုင်ငံတွင် ရက်အလိုက် COVID-19 ပိုးတွေ့နှုန်း တစ်ရာခိုင်နှုန်းအောက်ရှိပြီး ရောဂါကြောင့်သေဆုံးမှုနှုန်း CFR ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိ
24htopnews | December 7, 2024 5:12 AM CST

မြန်မာနိုင်ငံတွင် ရက်အလိုက် COVID-19 ပိုးတွေ့နှုန်း တစ်ရာခိုင်နှုန်းအောက်ရှိပြီး ရောဂါကြောင့် သေဆုံးမှုနှုန်း CFR ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ လူနာများအနက် သေဆုံးသူ မတ် ၇ ရက်အ ထိ ၃၂ဝဝရှိပြီး ရောဂါကြောင့် သေဆုံးမှုနှုန်း CFR ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်းနှင့် လက်ရှိ ကမ္ဘာ့နိုင်ငံများတွင် COVID-19 ကြောင့် သေဆုံးမှုနှုန်း CFR ၂ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရသည် ။

COVID-19 ကာကွယ်ထိန်းချုပ်တား ဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည် သူသို့ ပန်ကြားချက်၊ အမိန့်၊ ကြော်ငြာစာ၊ ညွှန်ကြားချက်များအား မတ် ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဖေဖော် ၀ါရီ ၂၆ ရက်က ထုတ်ပြန်ကြေညာထား သည်။

COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက် ကို ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ကြေ ညာခဲ့ပြီး ယင်းကြေညာချက်တွင် COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်သဖြင့် ပြည် ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည် ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ထုတ် ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အ မိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့် ကိစ္စရပ်များမပါ) အား ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်အထိ ရက် တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း အသိပေးကြေညာထားသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ပြန်လည်မြင့်တက်လာပြီး ရောဂါ ဖြစ်ပွားသူ ၁၁၇ သန်းကျော်နှင့် သေဆုံးသူ ၂၆ သိန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှရရှိသည့် အချက်အလက်အရ သိရသည်။

ကမ္ဘာပေါ်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ မတ် ရရက် အထိ ရောဂါ ဖြစ်ပွားမှုအများဆုံးနိုင်ငံစာရင်းတွင် အမေ ရိကန်နိုင်ငံက ပိုးတွေ့လူနာ ၂၉၀၀၀၀၀၀ ကျော်ဖြင့် ပထမနေရာ၌ရှိနေပြီး မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာမူ ပိုးတွေ့ လူနာ ၁၁၀၀၀၀၀၀ ကျော်ဖြင့် ဒုတိယနေရာ ၌ရှိနေကြောင်း သိရသည်။

အာဆီယံနိုင်ငံများတွင် ရောဂါဖြစ်ပွား မှုအခြေအနေအရ အင်ဒိုနီးရှားနိုင်ငံတွင် ၁၃၀၀၀၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံတွင် ၅၉၀၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၃၁၀၀၀၀ ကျော်၊ မြန်မာနိုင်ငံတွင် ၁၄၀၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၆၀၀၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၂၆၀၀၀ ကျော်၊ ဗီယက်နမ် နိုင်ငံတွင် ၂၅၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံ တွင် ၉၈၀ ကျော်၊ ဘရူနိုင်းနိုင်ငံတွင် ၁၈၀ ကျော်၊ လာအိုနိုင်ငံတွင် ၄၇ ဦးရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရ သူ ၂၆ သိန်းကျော်ရှိခဲ့ပြီး ယခင်ရက်သတ္တ ပတ်များထက် ကူးစက်နှုန်း ခုနစ်ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှရရှိသော အချက်အလက်များအရ သိရ သည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်ဖြစ် သည့် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်အတွင်း ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရ သူ ၂၆၅၈၈၂၃ ဦးရှိခဲ့ပြီး ယခင်ရက်သတ္တ ပတ်များထက် ခုနစ်ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်းနှင့် COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာသည့် နေရာဒေသများတွင် အ ဓိကအားဖြင့် အမေရိကနိုင်ငံများနှင့် ဥရော ပနိုင်ငံများပါဝင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် သီတင်းပတ်ခုနစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့ သည့် သီတင်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူအသစ် မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁ ရက်၌ ပြောကြားခဲ့သည်။


READ NEXT
Cancel OK