Top News

မြန်မာတပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းကြောင်း  သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပြောကြား 
24htopnews | December 7, 2024 5:12 AM CST

လက်ရှိတွင် မြန်မာနိုင်ငံ၌  ဆန္ဒပြမှုများ အား လုံခြုံရေးတပ်ဖွဲ့များက အင်အားသုံး ဖြိုခွဲနေချိန်တွင် သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီစ်ပိန်းက ပြောကြားသည်။ 

 သြစတြေးလျသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဘင်္ဂါလီနှင့် အခြားတိုင်းရင်းသားလူနည်းစုများထံ ချက်ချင်း ပြောင်းလဲ အသုံးပြုပေးသွားမည်ဖြစ်ကြောင်း မတ် ၇ ရက် နှောင်းပိုင်း ထုတ်ပြန်ချက်တွင်  သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရီစ် ပိန်းက ပြောကြားသည်။

“ကျွန်မတို့အနေနဲ့ အပူတပြင်းလိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ် ချက်တွေနဲ ့ပေါ်ထွက်လာတဲ့ လိုအပ်ချက် တွေအတွက် ဦးစားပေးသွားမှာဖြစ်ပါတယ်။ကျွန်မတို့ရဲ့လူသားချင်းစာနာမှုဆိုင်ရာ စေ့ စပ်ညှိနှိုင်းမှုကိုလည်း အစိုးရ ဒါမှမဟုတ် အစိုးရနဲ ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေက နေ လုပ်သွားမှာမဟုတ်ဘဲ အန်ဂျီအိုတွေနဲ့ လုပ်သွားမှာဖြစ်ပါတယ်” ဟု မာရီစ်ပိန်းက ပြောကြားသည်။

ထို့ပြင် သြစတြေးလျ၏ မြန်မာတပ်မတော်နှင့် နှစ်ဦးနှစ်ဖက်ကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုသည် အင်္ဂလိပ်ဘာသာ သင်တန်းပေးခြင်းကဲ့သို့ တိုက်ပွဲနှင့် မဆိုင်သည့်နယ်ပယ်များအတွက် ကန့်သတ်လုပ် ဆောင်ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးပညာရှင် နှင့် အကြံပေးဖြစ်သည့် သြစတြေးလျ နိုင်ငံသား ရှောင်တာနယ်လ်ကို ချက်ချင်းပြန်လွှတ်ပေးရန် ကင်ဘာရာက ဆက်လက်တောင်းဆို နေမည်ဖြစ်ကြောင်း သြစတြေးလျအာဏာပိုင်များက ပြောကြားသည်။ 

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်က သြစတြေးလျ၏ အကြီးဆုံးမြို့ ဆစ်ဒနီတွင် လူရာနှင့်ချီစုဝေး၍ မြန်မာ့တပ် မတော်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ 


READ NEXT
Cancel OK