မန္တလေးမြို့တွင် ဆိုင်ကယ်စီးနင်းလာသူ သုံးဦး စစ်ကားဖြင့် တိုက်ခံရပြီး တစ်ဦးစိုးရိမ်ရဟု ကနဦးသိရ
24htopnews | December 7, 2024 5:12 AM CST
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းနှင့် ၅၇ လမ်းထောင့်တွင် ယနေ့ (မတ် ၈ ရက်) နံနက် ၁၀ နာရီခွဲခန့်က အနောက်မှအရှေ့သို့ မောင်းနှင်လာပြီး လုံခြုံရေးယာဉ်တန်း၌ ပါဝင်သည့် စစ်ကားမှ လမ်းဘေးကပ်လျက် မောင်းနှင်နေသည့် ဆိုင်ကယ်တစ်စီးကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း အနီးရှိ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ စစ်ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်စီးနင်းလာသူ သုံးဦးအနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရကြောင်း ကနဦး စုံစမ်းသိရှိရသည်။
မတ် ၈ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၌ အင်ဂျင်နီယာသပိတ်စစ်ကြောင်း အပါအဝင် လမ်းအချို့တွင် ဆန္ဒပြမှုများ ဆက်လက်ရှိနေပြီး တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ ပါဝင်သည့် လုံခြုံရေးအများအပြားကလည်း မြို့အနှံ့ လှည့်လည် သွားလာလျက်ရှိနေကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
