မြစ်ကြီးနားမြို့တွင် ယနေ့ (မတ် ၈ ရက်) မွန်းလွဲပိုင်းက ဆန္ဒပြသူများကို ရဲတပ်ဖွဲ့နှင့် တပ်မတော်က ပစ်ခတ်ဖြိုခွဲမှု ပြုလုပ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့တွင် မြစ်ကြီးနားမြို့၌ လှည်လည်ဆန္ဒပြခဲ့ကြသည့် သပိတ်အဖွဲ့ကို ရဲတပ်ဖွဲ့နှင့် တပ်မတော်က အောင်နန်းရပ်ကွက် ၊စိန်ကိုလဘန် ဘုရားကျော်အနီးတွင် ပစ်ခတ်ဖြိုခွဲခဲ့ရာ အသက် ၅၀ ကျော်အမျိုးသား တစ်ဦးနှင့် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး (ဒိုင်းကာအဖွဲ့ဝင်) တို့မှာ သေနတ်ကျည်ထိမှန်၍ ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများတွင် ဘယ်ဘက်ရင်အုံ ညှပ်ရိုးအောက်တွင် သေနတ်ကျည် ထိမှန်ထားသူတစ်ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူများအား နံနက်ပိုင်းကတည်းက ဖြိုခွဲနေခြင်းဖြစ်ပြီး လူငယ်အများစုမှာ စိန့်ကိုလဘန် ဘုရားကျောင်းအတွင်း ပိတ်မိနေခဲ့သည်။ ထို့နောက် ဆန္ဒပြသူများက အဖွဲ့များအစုလိုက်ဖွဲ့ကာ မြစ်ကြီးနားမြို့သစ်၊ယုဇန၊အောင်နန်း ရပ်ကွက်အတွင်းရှိ လမ်းများပိတ်ဆို့၍ ဆန္ဒဖော်ထုတ်ရာတွင် အကြိမ်ကြိမ်ဖြိုခွဲခံရပြီး မွန်းလွဲပိုင်းတွင် ပစ်ခတ်ဖြိုခွင်းရာတွင် ကျဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
