Top News

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်အား CDM ပါဝင်သူများကို အားပေးအားမြှောက်ပြုမှုဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်
24htopnews | December 7, 2024 5:12 AM CST

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက် အား CDM ပါဝင်သူများကို အားပေးအားမြှောက်ပြုမှုဖြင့် အမှုဖွင့်ထားကြောင်း မတ် ၇ ရက် ည ၉ နာရီအချိန်တွင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းထုတ်ပြန်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက် ဗိုလ်မှူးဗထူးလမ်း အမှတ် ၁၃/က နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်သည် CDM ပါဝင်သူများအား အားပေးအားမြှောက်ပြုမှုဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၅ ရက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ အမှုဖွင့်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မတ် ၃ ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက်အား တွေ့ရှိရခြင်း မရှိကြောင်း၊ စစ်ဆေးရန် လိုအပ်သည့် စာရွက်စာတမ်းများအား တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည်  CDM တွင် ပါဝင်လှုပ်ရှားသည့် ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရေးအတွက် အမည်ခံပြီး ၈၈ ငြိမ်းပွင့်အဖွဲ့အပါအဝင် ပြည်တွင်း ပြည်ပရှိ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်စုစုပေါင်း ၄၉၈ ဦးထံမှ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၃ ရက် အထိ ပေးပို့လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ပေါင်း ခြောက်ထောင်တစ်ရာကျော်နှင့် အမေရိကန်ဒေါ်လာ ၂၀၆၇၀ ကို လက်ခံရရှိခဲ့ကြောင်း၊ သိန်းပေါင်း နှစ်သောင်း ထည့်ဝင်ထားသည့် Fix Deposit Bank Account ခြောက်ခုကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငွေများအနက်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခု CDM တွင် ပါဝင်လှုပ်ရှားနေသည့် ဝန်ထမ်းများထံသို့ အသင်းအဖွဲ့ လူပုဂ္ဂိုလ်များမှတစ်ဆင့် မတ် ၂ ရက်အထိ CDM တွင် ပါဝင်လှုပ်ရှားနေသူ ဝန်ထမ်း ၂၀၀၈ ဦးခန့်အား တစ်ဦးလျှင် ကျပ်တစ်သိန်း မှ ကျပ်နှစ်သိန်းခန့်အထိ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ်ထောင့်ရှစ်ရာကျော်ကို ကွန်တိန်နာ ယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းဖြင့် CDM ပြုလုပ်ရန် အားပေးအားမြှောက် လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။

CDM တွင် ပါဝင်လှုပ်ရှားနေသူများအား လှုံ့ဆော်ဆောင်ရွက်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား မတ် ၄ ရက်တွင် မရမ်းကုန်းမြို့မရဲစခန်း ၌ (ပ/၆၇)၊ ၅၀၅(က) ဖြင့် အမှုဖွင့်လှစ်ထားပြီး ၎င်းအပါအဝင် ဒေါ်ရွှေဇီးကွက်ကို ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  သတင်းထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။


READ NEXT
Cancel OK