မတ် ၆ ရက် ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ပန်းဘဲတန်းမြို့နယ် (၇) ရပ်ကွက် NLD ပါတီရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်သည် ညတွင်းချင်းသေဆုံးခဲ့ကြောင်း နာရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။
ဦးခင်မောင်လတ် သေဆုံးကြောင်းကို မတ် ၇ ရက် နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ်ရဲစခန်းက အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောကြားသည်။
“စဖမ်းတည်းကိုက ကန်တာရိုက်တာ နှက်တာလုပ်သွားတာလေ။ မနက်ကျတော့ သူ့မိသားစုကို ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးကနေပြီးတော့ ကိုခင်မောင်လတ်ဟာ မိုက်ခနဲ ဖြစ်ပြီးတော့ လဲကျသွားတယ်တဲ့။ အခုမင်္ဂလာ ဒုံစစ်ဆေးရုံမှာ ဆုံးသွားပြီဆိုတဲ့ သတင်းပါးတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။
ဦးခင်မောင်လတ် အပါအဝင် ပစ်ခတ်ဖြိုခွဲမှုများကြောင့် ဆန္ဒထုတ်ဖော်သူ ၅၀ ကျော် သေဆုံးမှုအတွက် တရားမျှတမှု လိုအပ်ကြောင်း ဦးထွန်းကြည်က မှတ်ချက်ပြုသည်။
အသက် ၅၈ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဦးခင်မောင်လတ်၏ ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှ ရေဝေးသုသာန်သို့ သယ်ဆောင်ပြီး အစ္စလာမ်ထုံးတမ်းအစဉ်အလာနှင့်အညီ မတ် ၇ ရက် ညနေတွင် ရေဝေးမူဆလင်သုသာန်တွင် မြှုပ်နှံစျာပနပြုလုပ်မည်ဟု ပန်းဘဲတန်းမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
ဦးခင်မောင်လတ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဦးစည်သူမောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မတ် ၆ ရက်က ဦးခင်မောင်လတ် အပါအဝင် NLD ပါတီပန်းဘဲတန်းမြို့နယ်အဆင့် တာဝန်ရှိသူအချို့၏ နေအိမ်များကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေမှုများလုပ်ဆောင်ပြီး လက်ကိုင်ဖုန်းနှင့် ပစ္စည်းအချို့ သိမ်းဆည်းသွားကြောင်း ပန်းဘဲတန်းမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
